အခုအချိန်ထိ အဖြေရှာမရသေးတဲ့ သမိုင်းထဲက ပဟေဠိများ(3)

(၁) Loch Ness Monster
စကော့တလန်မှာ တည်ရှိတဲ့ Ness ကုန်းတွင်း ရေလက်တက်ကြီးဟာ ကမ္ဘာကျော်ပါတယ်။ တကယ်တော့ ရှည်ရှည် မျောမျောရေကန်ကြီးမို့ Lake အစား Loch ဆိုတဲ့ ပေါင်းစပ်နာမ်ကို သုံးထားတာပါ။ အဲဒီ Ness ရေကန်ကြီးမှာ ဧရာမ ရေနဂါးကြီးနဲ့ တူတဲ့ Loch Ness Monster ဆိုတဲ့ သတ္တ၀ါကြီး အခုအချိန်ထိ နေထိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ချို့က မယုံကြပါဘူး။

သို့သော် ရိပ်ဖမ်းသံဖမ်း ကြုံခဲ့ရဖူးသူတွေရဲ့ သက်သေဗွီဒီယိုဖိုင်တွေက ယုံလောက် စရာလည်း ရှိနေပြန်ပါတယ်။ အခြား တစ်ဖက်ကလည်း ကွန်ပျူတာနဲ့ လုပ်ထားတာတွေလို့ စွပ်စွဲကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာ ခေတ်မကောင်းစဉ်က ထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေလည်း သမိုင်းမှာ ရှိနေခဲ့ပါတယ်။ မကြာသေးခင်က သိပ္ပံပညာရှင်တွေက ရေအောက်က နုံး
နှစ်ကို ဓာတ်ခွဲကြည့်တဲ့အခါမှာတော့ Loch Ness Monster တွေ နေထိုင်လောက်တယ်လို့ ယူဆရတယ်လို့ ထုတ်ပြန် ခဲ့ကြပါတယ်။ အခုထိတော့ အဖြေက တိတိကျကျ မရှိသေးပါဘူး။

(၂) ဧရာမခြေထောက်ကြီး

Bigfoot သို့မဟုတ် Sasquatch လို့ လူသိများတဲ့ အမျိုးအမည်မသိရတဲ့ သတ္တ၀ါဆန်းကြီးဟာ ၀က်ဝံနဲ့အလားတူပြီး အလွန်အနံ့ဆိုးတဲ့ သတ္တ၀ါကြီးတစ်ကောင်လို့ သိရပါတယ်။ အမေရိကန်-ကနေဒါနပ်စပ်က တောအုပ်ကြီးမှာ နေထိုင်ပြီး အရပ်အမြင့်က 9 ပေကျော် ရှိမယ်လို့ ဆိုကြပါတယ်။ ကနဦးတုန်းကတော့ ဂေါ်ရီလာလို့ လူတွေက သတ်မှတ်ခဲ့ပေမယ့် လူတစ်ယောက်ရဲ့ လမ်းလျှောက်တဲ့ပုံစံမျိုး တိတိကျကျ လျှောက်ကြောင်း၊ အသံကလည်း ဂေါ်ရီလာနဲ့ လုံးဝမတူကြောင်း ကိုယ်တိုင်ကြုံဖူးသူတွေက ဆိုပါတယ်။

(၃) Black Dahlia လူသတ်သမား
Elizabeth Short ဆိုတဲ့ အမျိုးသမီးဟာ 1947 ခုနှစ် ဇန်န၀ါရီ 15 မှယ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူမရဲ့ ခန္ဓာကိုယ် တစ်ပိုင်းတစဆီ အခုတ်ခံထားရပါတယ်။ ဒီအတွက် လူသတ် သမားလို့ ယူဆရတဲ့ နီးစပ်သူတွေ၊ ရာဇ၀င်လူဆိုးတွေကို ခေါ်ယူစစ်ဆေးခဲ့ပေမယ့် ခိုင်မာတဲ့ အထောက်အထားတွေ  ဖော်ထုတ်နိုင်ခြင်း မရှိလို့ အခုအချိန်ထိ ပဟေဠိဆန်နေဆဲ လူသတ်မှုပါ။ လူသတ်သမားနာမည်ကို Black Dahlia လို့ အမည်ပေးခဲ့ပေမယ့် အခုထိ Short ကို ဘယ်သူသတ်ကြောင်း မသိရသေးပါ။

(၄) Stonehenge

အင်္ဂလန်နိုင်ငံ ၀စ်လ်ရှိုင်းယားမှာတည်ရှိတဲ့ Stonehenge ဆိုတဲ့ ကျောက်တုံးတွေဟာ နှစ်ချောင်းထောက် တစ်ချောင်း ထပ်တင်ထားတဲ့ ကျောက်တုန်းတွေ ဖြစ်ပါတယ်။ အမြင့် 4.1 မီတာ၊ အကျယ် 2.1 မီတာ ရှိပါတယ်။ အလေးချိန်က တော့ 25 တန် ပတ်လက်အထိ လေးပြီး BC 3000-2000 ကြားကာလမှာ တည်ဆောက်ခဲ့တာပါ။ ဒါပေမယ့် ဒီလောက် ကြီးမားလှတဲ့ ကျောက်တုန်းကြီးတွေကို ဘယ်လိုလုပ် တည်ဆောက်ခဲ့တာလဲ၊ လူမဟုတ်တဲ့သူတွေက တည်ဆောက်ခဲ့တာလားဆိုတာ အဖြေရှာမရသေးပါဘူး။
လင်းဇော်ကို (Shwemom)
source : list25.com

 


No comments:

Powered by Blogger.