Apple ကုမ္ပဏီ မှ မောင်းသူမဲ့ iCar ထုတ်လုပ်မည်ဟု သတင်းထွက်ပေါ်
မောင်းသူမဲ့ ကားထုတ်လုပ်ရေး ဈေးကွက်မှာ Telsa , Ford, နဲ့ Google တို့ အပြိုင်အဆိုင်ထုတ်လုပ်နေရာမှ စမတ်ဖုန်း ရှေ့ဆောင် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Apple ကပါ Icar ထုတ်လုပ်တော့မယ်ဆိုတဲ့ သတင်းများကို ကယ်လီဖိုးနီးယားပြည်နယ် Department of Motor Vehicles ဌာနမှ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။Apple ကုမ္ပဏီကတော့ ဒီသတင်းကို ၀န်ခံခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိပါဘူး။
Arkar Hein (Shwemom)
Ref : Tech digg
Apple ကုမ္ပဏီဟာ ကမ္ဘာတစ်ဝှမ်း တန်ဖိုးအကြီးဆုံး ကုမ္ပဏီများထဲမှာ ပါဝင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး Apple သမိုင်းတစ်လျှောက် Apple ဟာ နည်းပညာပစ္စည်းများကို ဆန်းသစ်စွာနဲ့ ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။iPhone, iPad and iPod တို့ဟာ Apple စတင် မထုတ်လုပ်ခင်ကတည်းက တခြားသော ပစ္စည်းများထွက်ရှိထားပေမဲ့ Apple က ဆန်းသစ်စွာနဲ့ တီထွင်နိုင်ခဲ့တဲ့အတွက် နာမည်ကျော်ခဲ့တာ ဖြစ်ပြီး ယခုမောင်းသူမဲ့ ကားဈေးကွက်မှာလည်း Apple ကုမ္ပဏီဟာ ဘယ်လို ဆန်းသစ်မှုမျိုးနဲ့ ထုတ်လုပ်မလဲဆိုတာကို နည်းပညာစိတ်ဝင်စားသူအများက စောင့်ကြည့်နေကြပါတယ်။
ဒါ့အပြင်နောက်ထပ်ထွက်ပေါ်နေတဲ့ ကောလဟာလတစ်ခုကတော့ Apple ဟာ Tesla ကိုဝယ်ယူမယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ ဘယ်သူကမှတော့ အတည်မပြုသေးပါဘူး။
Apple ကနေ တရားဝင် မကြေငြာသေးသ၍ အတိအကျသိရဦးမှာမဟုတ်ပေမဲ့ Icar မှာ ထိုင်ခုံ ၄ ခုံ၊Wifi ထုတ်လွှင့်စက်၊GPS system နဲ့ အလိုအလျောက် မောင်းနှင်ရန်အတွက် ကင်မရာများစွာ ပါဝင်လာမှာ ဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ဒါ့အပြင် Icar ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၆၀၀၀၀ ကနေ ၈၀၀၀၀ (မြန်မာငွေ သိန်း ၈၀၀ နဲ့ ၁၀၀၀ )အကြားရှိမယ်လို့သတင်းထွက်ပေါ်ထားပါတယ်။Arkar Hein (Shwemom)
Ref : Tech digg


No comments: