လူ့တစ်ရပ်နီးပါးခန့်ရှိ ငါးကြီးတစ်ကောင် ဖမ်းမိ
ရေစကြို ဧပြီ ၂၂
ရေစကြိုမြို့အနီး ချင်းတွင်းမြစ်သောင်ခုံရေစပ်တွင် လူတစ်ရပ်နီးပါးခန့်ရှိ ငါးကြီးတစ်ကောင်ကို ဧပြီလ ၂၂ ရက်နေ့ နံနက်ကတွေ့ရှိပြီး လူသုံးယောက်က ဝါးလုံးဖြင့် ထမ်းကာ သယ်ဆောင်လာသည်ကို တွေ့ရသည်။
အဆိုပါငါးကြီးမှာ အလေးချိန် ပိဿာ ၃ဝ ခန့်ရှိပြီး ငါးတုပ်အမျိုးအစားဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့ သုံးယောက်က မြစ်အရှေ့ဘက်ကမ်းကို အလုပ်ကိစ္စနဲ့ သွားရင်း ဒီငါးကြီးကို သောင်ခုံရေစပ်မှာတင်နေတာ တွေ့ရတာပါ။ အသက်ကတော့ မသေသေးဘူး။ ဘက်ထရီ ရှော့မိပြီး အခုလိုသောင်ခုံမှာတင်နေတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း လှေပေါ်တင်ပြီး အခု ငါးဒိုင်ကို လာရောက်ရောင်းချတာပါ''ဟု အဆိုပါငါးကြီးကို တွေ့ရှိ သူများက ပြောသည်။
ငါမျိုးမသုဉ်းရေးအတွက် ဘက်ထရီရှော့တိုက် ငါးဖမ်းခြင်းကို ရှောင်ကြဉ်သင့်ကြောင်းနှင့် သက်ဆိုင်ရာကလည်း ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးသူများကို ထိထိရောက်ရောက်အရေးယူသင့်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။
ဖေထွဏ်းဇော်(ရေစကြို)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments: