ကမ္ဘာဖျက် ဥက္ကာပျံကြီးရန်မှ ကမ္ဘာ မြေကြီးဘေးကင်းပြီ။
12:00 မြန်မာနိုင်ငံစံတော်ချိန်
******************************************
ကမ္ဘာကြီးဆီတည့်တည့်လာနေသော Glaxy X9
ဥက္ကာပျံကြီးအား နိုင်ငံတကာ အာကသစခန်းမှနေ၍
အချိန်မှီဖျက်ဆီးရှင်းလင်းနိုင်ခဲ့။
====================================
ဧပြီ၊ ၃၀
ကမ္ဘာမြေကြီးဆီသို့ တည့်တည့်လာနေသော GLAXY X9 ဥက္ကာပျံကြီးအား နိုင်ငံတကာ အာကာသ စခန်းမှ အာကာသ အဖျက်အန္တရာယ်ကာကွယ်ရေးတပ်ဖွဲ့ ( International BDSM) ၏ "ယူဂျင်း" ဟုအမည်ရသော အာကာသယဉ်ပျံဂြိုလ်တုပေါ်မှ ( Green Dragon) လေဆာရောင်ခြည်ဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါ ဥက္ကာပျံကြီးမှာ ကမ္ဘာမြေသို့မရောက်မှီ မိုင်ပေါင်း (624,628) မိုင်ခန့်အကွာတွင် ပေါက်ကွဲပျက်စီးသွားခဲ့ပါသည်။
ထို့ပြင် အဆိုပါ ဥက္ကာပျံကြီးပေါက်ကွဲရာမှ ပဲ့ကျလာသော အပိုင်းအစကြီးများအား NASA မှ အာကာသ ကာကွယ်ရေး အနျူမြူဒုံးကျည်ကြီးများဖြင့် ထပ်မံပစ်ခတ်ဖျက်ဆီးခဲ့ပါသည်။
ယင်း အာကာသ အနျူမြူဒုံးပျံကြီးများမှာ ( HXD
American Nuclear Rocket) ဟုအမည်ရပြီး
အလွန်ဖျက်အားပြင်းသောကြောင့် အာကာသ ကာကွယ်ရေးအတွက်ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း နာဆာ လက်နက်ပါရဂူ မစ္စတာ ဘရုစ်ဝိန်းမှ ပြောကြားခဲ့ပါသည်။
" အချိန်မှီလေးပါပဲ ကမ္ဘာကိုကယ်တင်နိုင်ခဲ့ပါတယ်။ ပထမ ကျွန်တော်တို့ နိုင်ငံတကာ အာကာသစခန်းမှာရှိတဲ့ ယူဂျင်းဂြိုလ်တုပေါ်ကနေ အစိမ်းရောင်နဂါးလေဆာရောင်ခြည်နဲ့ ဒါကြီးကိုပစ်တယ်။ ဒါကြီးက အာရှတိုက်အရွယ်ရှိပြီး ကျွန်တော်တို့သာမဖျက်ဆီးနိုင်ရင် ဒီနေ့ည ကမ္ဘာကြီးဆီကိုတိုက်ရိုက်ဝင်တိုက်မိမှာပါ။
ဒီ Glaxy X9 ဥက္ကာပျံကြီးပေါက်ကွဲသွားပေမဲ့ သူ့အပိုင်းအစတွေက ကမ္ဘာဆီကိုလာနေတုန်းပဲလေ။ အချို့အပိုင်းအစတွေဆို အမေရိကန် နယူးယောက်ခ်မြို့တစ်မြို့စာလောက်ရှိတယ်ဗျ။ ဒါကြောင့် ကျွန်တော်တို့က အနျူမြူဒုံးပျံတွေနဲ့ ထပ်ဖြိုခွဲပစ်ရတာပါ။
အခုတော့အားလုံး ဥက္ကာပျံကြီးရန်က ကင်းဝေးသွားပါပြီ။ ဒီနေ့ ဧပြီ (၃၀)ရက်နေ့ကတော့ တစ်ကမ္ဘာလုံးအတွက်သမိုင်းတွင်မဲ့ နေ့ပါပဲဗျာ.....ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ........." ဟု မစ္စတာ ဘရုစ်ဝိန်းက အမေရိကန် အာကာသသိပ္ပံသတင်းစာ (Daily USA) သို့ ယနေ့ပြောကြားခဲ့ပါသည်။
အဆိုပါ ဥက္ကာပျံဖျက်ဆီးရေး ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ (8,946,854) ဘီလီယံကျော်ကုန်ကျခဲ့ပြီး ယင်းငွေများအား နိုင်ငံတကာအာကာသအေဂျင်စီ (International BDSM) နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း ( Milkyway International Laser Foundation MILF) တို့မှ အကုန်အကျခံခဲ့ကြောင်း Yangon News မှ သတင်းရရှိခဲ့ပါသည်။
နောက်ဆုံးရသတင်းများအရ ယင်းဥက္ကာပျံအပိုင်းအစအချို့ ကမ္ဘာဆီသို့ ယနေ့ည (၁) နာရီခန့်အချိန်တွင် ရောက်ရှိဖွယ်ရှိပြီး ကမ္ဘာ့လေထုအတွင်းမှာပင် ပျက်စီးသွားနိုင်ကာ ညအချိန်ကောင်းကင်ယံတွင် မီးတန်းများအားတွေ့မြင်ရဖွယ်ရှိသည်ဟု
မြန်မာနိုင်ငံအာကာသ ဂြိုလ်တုဥက္ကာပျံ လေ့လာရေးအဖွဲ့ (Myanmar Net Space Information MNSI) မှ ဒေါက်တာ သက်ကျော်စိုးက Yangon News သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
30.4.2017
#YangonNews
#Glaxyx9MILF
ရန်ကုန်နယူးစ်သတင်းအဖွဲ့
www.ygnnews.com.mm

No comments: