အလှူခံထွက်မယ့် ကလေးမကို အိမ်ပေါ်ခေါ် ခြိမ်းခြောက် ကာမရယူမှု အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ကျ
ရန်ကုန်၊ ဧပြီ ၂၄ – အလှူခံထွက်ဖို့ လူစုံအောင်စောင့်နေချိန် အသက် ၁၄ နှစ်အရွယ် ကလေးမလေးကို အိမ်ရှင်အမျိုးသားကြီးက အိမ်ပေါ်ခေါ်ပြီး ခြိမ်းခြောက်အဓမ္မပြုကျင့်မှုကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်၂၀ ကျခံစေဖို့ အရှေ့ပိုင်းခရိုင်တရားရုံးက အမိန့် ချပါတယ်။
အရှေ့ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင် တရားသူကြီး (၅) တရားခွင် မှာ ပြစ်မှုကြီးအမှုအမှတ်၂၀၆/၂၀၁၆ နဲ့ တရားလို ဦးသန်းနိုင်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ စွပ်စွဲခံရသူ ဦးသံချောင်း(၆၀ နှစ်)ကို အရေးယူပေးဖို့ တရားစွဲဆို ထားတာဖြစ်ပါတယ်။အမှုစစ်ဆေးပေါ် ပေါက်ချက်အရ ပြစ်မှုကျူးလွန်တာထင်ရှားတာကြောင့် ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အလုပ်နဲ့ထောင် ဒဏ် နှစ် ၂၀၊ ပုဒ်မ ၃၆၃ အရအလုပ်နဲ့ ထောင်ဒဏ်သုံးနှစ်ကျခံစေဖို့ အမိန့်ချ ပါတယ်။ ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်းကျခံစေတာဖြစ်လို့ ထောင်ဒဏ်နှစ် ၂၀ နှစ်ကျခံရမှာဖြစ်ပြီး အမှုစစ်ဆေးစဉ်ကာလချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုပါတယ်။
ဖြစ်စဉ်မှာ၂၀၁၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က တရားလိုနေအိမ်ရှိ နေစဉ် သမီးဖြစ် သူမ…(၁၄နှစ်) ရဲ့ အနေအထိုင်အစားအသောက် ပုံစံပျက်ယွင်းနေလို့ ဇနီးဖြစ်သူ(ကလေးမလေးရဲ့မိခင်)ကို ပြောဆိုရာ ဇနီးက ကလေးမလေးကို ဆီးစစ်ကြည့်ရာ ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာပြတာတွေ့ခဲ့တာပါ။ သေချာအောင်ဆေးခန်းကိုခေါ်သွားပြီး စစ်ဆေးရာသမီးဖြစ်သူမှာ ကိုယ်ဝန်သုံးလကျော် လေးလခန့်ရှိနေ တာကို သိခဲ့ပါတယ်။
သမီးကိုနေအိမ်ပြန်ခေါ်ခဲ့ပြီး ချော့မော့မေးမြန်းရာ တစ်ရပ်ကွက် တည်းနေ မိမိတို့နဲ့လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက ခင်မင်ရင်းနှီးလာခဲ့တဲ့ ဦးသံချောင်းက လွန်ခဲ့တဲ့လေးလခန့်ကတည်းက ဒဂုံတောင်မြို့နယ် ၂၆ ရပ်ကွက်အတွင်း အလှူခံထွက်ဖို့ ဦးသံချောင်းရဲ့နေအိမ်ရှေ့မှာ လူစုံအောင်စောင့်နေချိန် အိမ်ပေါ်တက်ခဲ့ဖို့ခေါ်လို့ နေအိမ်ပေါ်တက် သွားရာ ဦးသံချောင်းက ပါးစပ်ကိုလက်ဝါးနဲ့အုပ်ပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပါတယ်။
ဦးသံချောင်းက ကလေးမလေးကို အခြားသူတွေကို ပြန်မပြောနဲ့၊ ပြန်ပြောရင်ညီမဖြစ်သူ အသက်လေးနှစ်အရွယ် ကလေးမလေးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ အိမ်ကိုပြန်မပြောဘဲနေခဲ့ရာ အကြိမ်ကြိမ် သားမယားအဖြစ်ဆက်ဆံခဲ့ပြီး သမီးဖြစ်သူမှာကိုယ်ဝန် လေးလရှိမှသိခဲ့တာဖြစ်တယ်လို့ သိရတယ်။ ဒဂုံမြို့ သစ်တောင်ပိုင်း မြို့မရဲစခန်းမှာ (ပ) ၂၀၈၄/၂၀၁၆ နဲ့ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။
Author – လူမွန်

No comments: