မလေးရှား မှာ အလုံပိတ်ကားထဲ သုံးနာရီကျော် ကျန်နေခဲ့တဲ့ ခြောက်နှစ်သားလေး သေဆုံး
မလေးရှား နိုင်ငံမှာ ခြောက်နှစ်သားလေးတစ်ယောက်ဟာ ဗင်ကားထဲမှာ သုံးနာရီကြာအောင် နေခဲ့ရပြီးနောက် သေဆုံးသွားပါတယ်။ ကားမောင်းသူကလည်း သူ ကားထဲမှာရှိနေတာကို သတိမထားမိဘူးလို့ သည်စတားရဲ့ တနင်္ဂနွေနေ့ သတင်းတစ်ပုဒ်မှာဖော်ပြပါတယ်။
မူဟာမက်အစ်ရမ်ဒန်းနစ်ရှ်နဲ့အခြားကလေးငယ်သုံးဦးဟာ ဂုံဘက်ခရိုင်၊ရာဝမ်းမြို့ ဘန်ဒါကောင်တီဟုမ်းစ်က ဂျလန်း ဒီစာက မူကြိုကျောင်းကို သောကြာနေ့နေ့လယ် ၂ နာရီက သည်ဗင်ကားကို စီးပြီးသွားရောက်ခဲ့ကြတယ်လို့ သတင်းကဆိုပါတယ်။
သည်ကောင်လေးဟာ ကားနောက်ခန်းမှာထိုင်နေပြီး လမ်းတလျှောက်အိပ်ငိုက်လာတယ်လို့လည်း ဂုံဘက် ခရိုင်အရာရှိ မို့ဒ်မာဇူကီမို့မွတ်ခ်တာရဲ့အဆိုအရသိရပါတယ်။
သည်ကောင်လေးကို ညနေငါးနာရီမှာ ကားထဲမှာရှာတွေ့တဲ့အချိန်မှာ သတိလစ်နေပြီလို့ သူကပြောပြီး စွန်ဂီဘူလာ ဆေးရုံကိုအလျင်အမြန်ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံမှာသေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။
သည်အမှုနဲ့ပတ်သက်ပြီး ၂၀၀၁ ခုနှစ် ကလေးသူငယ်အက်ဥပဒေ ပုဒ်မ ၃၁(၁)အရ လျစ်လျူရှုမှုနဲ့ ရဲတပ်ဖွဲ့ကစုံစမ်းစစ် ဆေးနေပါတယ်။
ချိုလေးငယ်
ref: CNA/mn. Apr 24,2017]
Credit: Kumudra

No comments: