မန်း တိုင်းရင်းသားရေးရာ ဝန်ကြီးရုံးခန်း က မီးခံသေတ္တာ အလုံးလိုက်မသွားခံရ
မန္တလေးတိုင်း အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာ ဝန်ကြီးရုံးခန်းက မီးခံသေတ္တာ အလုံးလိုက်မသွားခံခဲ့ရတဲ့ဖြစ်စဉ်တခု အခုလ ၂၀ ရက်နေ့ မနက် ၃:၅၆ နာရီ မှာဖြစ်ပွားခဲ့ပါတယ်။ ရုံးပိတ်ရက် မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၄ ရက်နေ့ရုံးပြန်ဖွင့်ချိန်မှ သိရှိခဲ့ရတာဖြစ်ပါတယ်။
အခု လက်ရှိအခြေနေမှာတော့ CID တွေနဲ့ ရဲတပ်ဖွဲ့တွေ လာရောက်ပြီး ဝန်ကြီးရုံးခန်းမှာလာရောက်စစ်ဆေးနေပါတယ်။
ကင်မရာ ၁၇ လုံးခန့်ရှိပေမဲ့ စစ်ဆေးကြည်တဲ့အခါမှာတော့ အရိပ်အရောင်တောင်မတွေ့ခဲ့ရဘူးလို့ စောင့်ကြည့်ကင်မရာတွေစစ်ဆေးခဲ့တဲ့သူကပြောပါတယ်။
သည်ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိမှာအလုပ်ရှုပ်နေတယ်လို့ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိုင်းကျော်ဇောကပြောပါတယ်။
ခေမဏီ၊နန်းဟေမာထွေး
Credit: Kumudra

No comments: