မေလကုန် အထိ သတိထားရမယ့် မိုးလေ၀သ ဆိုင်ရာ အချက် ၃ ချက်
ဧပြီလနဲ့ မေလကုန် အထိက မိုးကြို ကာလဖြစ်လို့ ဒီကာလမှာ သတိထားရမယ့် အချက် သုံးချက်ရှိတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးပြောကြားထားပါတယ်။
မိုးကြိုကာလမှာ မိုးတိမ်တောင်တွေဖြစ်နေတတ်လို့ မိုးတိမ်တောင်မှာ ဖြစ်ပေါ်တတ်တဲ့ လျှပ်စီးလက်တာတွေ၊ မိုးကြိုးပစ်တာတွေ အပါအ၀င် လေပြင်းတိုက်ခတ်တာတွေဖြစ်တတ်တဲ့အပြင် မိုးသည်းသည်းထန်ထန် ရွာသွန်းရင် ရေကြီးရေလျံတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ သစ်တောတွေပြုန်းတီးမှုတွေကြောင့် မိုးရွာတဲ့အခါတိုင်း နှစ်စဉ်ရေကြီးမှုတွေ ဖြစ်ပေါ်နေလေ့ရှိလို့ အဲဒီအချက်က အလွန်သတိထားရမှာဖြစ်တယ်လို့ ဆရာဦးထွန်းလွင်က ပြောကြားထားပါတယ်။
ရာသီဥတု အခြေအနေ က ဒေသအများစုမှာ လေထုမတည်မငြိမ်ဖြစ်နေလို့ လေပြင်းနဲ့ မိုးကြိုးအန္တရာယ် အထူးဂရုစိုက်ဖို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် နဲ့ မိုးဇလဌာနက သတိပေးထားပါတယ်။ မိုးတိမ်တောင် ဖြစ်စဉ်လို့ ခေါ်ဆိုတဲ့ လေပြင်းတိုက်ခတ်တာတွေနဲ့ မိုးကြိုးပစ်မှု ဖြစ်စဉ်က နေ့လယ်နဲ့ ညနေအချိန်တို့မှာ အဖြစ်များပြီး ပုံမှန် ရာသီဥတု အခြေအနေ ကနေ ရုတ်တရက် ပြောင်းလဲသွားရင် အမိုးအကာအောက် အမြန်ဆုံး ခိုလှုံသင့်တယ်လို့ ဒေါက်တာထွန်းလွင် က အကြံပြုထားပါတယ်။
Credit:duwun

No comments: