ယောင်္ကျားအတွက်ဆိုရင် ဘာမဆို ဖြည့်စီးပေးမည့် ရာသီခွင်

ရာသီခွင်အလိုက် ယောင်္ကျား၊ရည်စား အပေါ်မှာထားရှိတဲ့ မေတ္တာက ကွာခြားပါလိမ့်မယ်။
ကိုယ်ချစ်တဲ့ ယောင်္ကျားအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ပေးဆပ်ချင်တဲ့ဆိုတာ သဘာဝတရားပါ။ အလိုလိုက်လွန်းရင်လည်း လူတော်ကနေ၊ လူညံ့လည်း ဖြစ်သွားနိုင်ပါတယ်။ ကဲ ယောင်္ကျားအတွက်ဆိုရင် ဘာမဆို ဖြည့်စီးပေးမည့် ရာသီခွင် Ranking ကိုကြည့်လိုက်ရအောင်နော်။

၀၁. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
ဒီရာသီခွင်ကသူတွေကတော့ ယောင်္ကျားအတွက်ဆို ဘာပဲလုပ်ရလုပ်ရပါ။သူ့မှာ ကိုယ်မရှိရင် ကလေးတစ်ယောက်လိုပဲ ဘာမှ မလုပ်တတ်မှာ မဟုတ်ဘူးလို့ ထင်နေပါတယ်။ ယောင်္ကျားဖြစ်သူက နှေးကွေးနေတာကိုပင် ချစ်စရာကောင်းပြီး ကလေးကျောင်းပို့သလို အလုပ်အထိတောင် လိုက်ပို့ပေးမလားမသိဘူးနော်။ မကဲနဲ့ သတိထား !!!

၀၂. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
ဒီရာသီခွင်ကတော့ ပုံမှန်ဆိုရင် ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်ရပ်နေနိုင်တဲ့ မိန်းကလေး ဖြစ်ပင်မဲ့လည်း ယောင်္ကျားအတွက်ဆိုရင် ဘာမှ မျက်စိထဲမမြင်တော့ပါ။ သူ့ရဲ့ရည်မှန်းချက်တွေ၊ အိမ်မက်တွေကို ကိုယ်က ဖြည့်စီးပေးရမယ်လို့ ခံယူထားလို့ပါ။ ဒါကြောင့် ယောင်္ကျားက ပိုက်ဆံလိုမယ်ဆိုရင်လည်း ချက်ချင်းထုတ်ပေးလိုက်နိုင်ပါတယ်။ သူအောင်မြင်ဖို့အတွက်ဆိုရင် ဘာမဆို လုပ်ပေးမယ်လို့ ခံယူထားသူပါ။

၀၃. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
သူကတော့ ယောင်္ကျားတွေအကြောင်းကို ကောင်းကောင်းနားလည်ပြီး ရှင်က တော်တာကြောင့် အောင်မြင်မှာပါလို့ သူ့နောက်ကနေ အားပေးနေမဲ့သူပါ။ ယောင်္ကျားဖြစ်သူရဲ့ အရည်အချင်းကို ယုံကြည်နေတဲ့အတွက်ကြောင့် ယောင်္ကျားအစား Marketing တောင် ဆင်းပေးလိုက်ဦးမှာပါ။

၀၄. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
သူရဲ့ နူးညံ့ချိုသာသော အားပေးစကားတွေနဲ့ ယောင်္ကျားဖြစ်သူက ကြိုးစားနိုင်မှာပါ။

၀၅. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
သူ့ရဲ့ချစ်စရာကောင်းတဲ့အပြုံးတွေနဲ့ ယောင်္ကျားကို စိတ်ချမ်းသာစေမှာပါ။

၀၆. ဗြိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
ယောင်္ကျားဖြစ်သူက ဘယ်လောက်ပဲ တကိုယ်ကောင်းဆန်ဆန် သူ့အတွက်ကို ဖြည့်စီးပေးနေမှာပါ။

၀၇. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
ကိုယ့်ကိစ္စထက် ယောင်္ကျားဖြစ်သူရဲ့အရေးကို ရှေ့တမ်းတင်ပြီး စဉ်းစားပေးမည့်သူပါ။

၀၈. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
သူမှာလည်း ရည်မှန်းချက်တွေရှိပင်မဲ့လည်း ယောင်္ကျားရဲ့ ရည်မှန်းချက်တွေ အောင်မြင်ရန်သာ အဓိကပါ။

၀၉. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
ကိုယ့်အတွက် အကျိုးရှိမယ်လို့ထင်ရင် သူ့အတွက်လည်း ဖြည့်စီးပေးလိုက်မှာပါ။

၁၀. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
တစ်ယောက်နဲ့တစ်ယောက် တူညီသောလမ်းကို လျှောက်လှမ်းချင်သောသူ ဖြစ်ပါတယ်။

၁၁. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
ကိုယ့်ကိစ္စကို အဓိကထားပြီးလုပ်နေရတဲ့အတွက် ယောင်္ကျားကို လွှတ်ထားချင်ပါတယ်။

၁၂. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
ယောင်္ကျားစိတ်ညစ်မှာကို မလိုလားပါ။ တတ်နိုင်သလောက် ယောင်္ကျားလုပ်နေတဲ့ကိစ္စကို ဝင်ပြီး ပါလေ့မရှိပါ။
Chelmo Team
Credit. yport.cocoloni
Credit Photo. tabi-labo

No comments:

Powered by Blogger.