အိမ်ထောင်သက်၆နှစ်ကျော်မှ အရင်ကယောက်ျား၁၀၀၀ခန့်နှင့်အိပ်ခဲ့ဖူးကြောင်းဖွင့်ဟခဲ့တဲ့ဇနီး

အသက် 24 နှစ်အရွယ် ကလေးနှစ်ယောက် မိခင် Marcedes ဟာ လွန်ခဲ့တဲ့ခြောက်နှစ်လောက်က စစ်မှုထမ်းဟောင်း Andrew နဲ့ လက်ထပ်ခဲ့သူ ဖြစ်ပါတယ်။ သူမတို့ဘ၀ဟာ အေးချမ်းတည်ငြိမ်လှတယ်လို့ ထင်ခဲ့ရပေမယ့် Marcedes ဟာ လူမသိအောင်ဖုန်းကွယ်ထားခဲ့တဲ့ ဘ၀ရှိခဲ့တယ်လို့ ဆိုပါတယ်။ Marcedes က Dr.Phill Chat Show မှာ သူမဟာ လက်ရှိခင်ပွန်းသည်နဲ့ လက်မထပ်ခင်က ပြည့်တန်ဆာဘ၀ကို ဖြတ်သန်းခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။
သူမက ဒေါက်တာ Phill ကို ” ကျွန်မရဲ့ဘ၀အမှန်ကို ဖုံးကွယ်ထားခဲ့မိပါတယ် .. ကျွန်မဟာ အသက် 14 နှစ်သမီးကတည်းက ဇိမ်မယ်ဘ၀ကို ရောက်ခဲ့ရပါတယ် “လို့ ဆိုပါတယ်။ ထိုစဉ်အခါတုန်းက တစ်ပတ်လျှင် ဖောက်သည် အယောက် 60ကျော်နဲ့ အိပ်စက်ခဲ့ပြီး ပေါင် 48000 ရှာဖွေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အသေးစိပ်တွက်ချက်ကြည့်ရင် သူမနဲ့ အိပ်စက်ခဲ့သူအမျိုးသားပေါင်း 1000 ကျော် ရှိနိုင်ပါတယ်။ Marcedes က ” Andrew နဲ့တွေ့တော့ သူက ကျွန်မကို ပုဂ္ဂလိကအေဂျင်ဆီဝန်ထမ်းတစ်ယောက်လို့ ထင်နေခဲ့ပါတယ် … တကယ်တော့ လိမ်ညာထားတာပါ “လို့ ၀န်ခံခဲ့ပါတယ်။
သူမက ဆက်လက်ပြီး ” တကယ်တော့ ဒုတိယကလေးက သူ့ကလေးမဟုတ်ပါဘူး … ဖောက်သည်တစ်ယောက်ယောက်နဲ့ ရခဲ့တဲ့ ကလေးပါ … “လို့ ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ပွန်းသည် Andrew က ဂဏာမငြိမ်ဖြစ်နေပြီး ဒေါသတွေ ထွက်နေပြီး ” လူလိမ်” လို့ မှတ်ချက်ပြုကာ ပတ်သက်မှုက ဆုံးခန်းတိုင်သွားပြီးလို့ ဆိုခဲ့ပါတယ်။
Andrew က ” သူက တောင်စဉ်ရေမရ လျှောက်လိမ်နေတာပါ … သူက ပြောရရင် အများအာရုံစိုက်တာ ခံချင်လို့ လျှောက်ပြောနေတာပါ … ဒါပေမယ့် ကျွန်တော့်မှာ သူ ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်တဲ့ ဗွီဒီယိုသက်သေတစ်ခုတော့ ရှိပါတယ် … ဒါကို ကျွန်တော် အပြစ်မယူပဲ သူမကို အခွင့်ရေးပေးတဲ့အနေနဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်လာလေမလားလို့ စောင့်ကြည့်ခဲ့ပါတယ် … အခုတော့ အိမ်ထောင်ရေးက ဆုံးခန်းတိုင်သွားပါပြီ “လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် Andrew က သူ့ဇနီးသည် ဟိုတယ်ပေါင်းများစွာကို သွားတာ သိရှိကြောင်း၊ ကလေးတွေ မျက်နှာကို ထောက်ထားနေလို့သာ နှုတ်ဆိတ်နေခြင်းဖြစ်ကြောင်း၊ ဘ၀အတွက် ဘာမှ ကူဖော်လောင်ဘက်မရဘူးဆိုရင် ကလေးတွေကိုပိုင်ဆိုင်ဖို့နဲ့၊ အပြီးတိုင်ကွာရှင်းဖို့အတွက် တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
source : thesun.co.uk
Credit: ညီလင်းထက် (Shwemom)

No comments:

Powered by Blogger.