ဖောက်ပြန်တဲ့ခင်ပွန်းကို လက်ပူးလက်ကြပ်ဖမ်းပြီး၊ ဇနီးသည်ရဲ့ အစ်ကိုတွေက ၀ိုင်းဝန်းရိုက်နှက်
တရုတ်နိုင်ငံက တည်းခိုခန်းတစ်ခုမှာ အခြားမိန်းမနဲ့အတူ အခန်းတစ်ခုက ခုတင်ထက်မှာ လက်ပူးလက်ကြပ်အဖမ်းခံခဲ့ရ တဲ့ အမျိုးသားကို ဇနီးသည်ရဲ့ အစ်ကိုတွေ မောင်တွေက ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက် ကွ န်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ဖောက်ပြန်တဲ့ ခင်ပွန်းသည်ရဲ့ ဇနီးသည်ဟာ သူမရဲ့ယောက်ျားကို ဖမ်းဆီးဖော်ထုတ်ဖို့အတွက် မိဘတွေကိုပါ အပါခေါ် သွားပြီး၊ ကာယကံရှင်တွေကို ဖော်ထုတ်ခဲ့တာပါ။ ဒီအတွက် သူမဟာ သတင်းအတိအကျ ရခဲ့ပုံပေါ်ပါတယ်။ သူမတို့ စတင်ဖမ်းဆီးမိချိန်မှာ အမြောင်မယားနဲ့ သူမရဲ့ ခင်ပွန်းသည်ဟာ အ၀တ်အစားအားလုံး ကိုယ်လုံးတီးဖြစ်နေ ခဲ့ပါတယ်။
ကာယကံရှင် ဇနီးသည်ရဲ့ အစ်ကိုတွေ မောင်တွေကတော့ သူတို့ယောက်ဖရဲ့ အကျင့်ပျက်မှုကို သည်းမခံနိုင်စွာနဲ့ ဘေး နှ စ်ဖက် ညှပ်ပိတ်ကာ ဆွမ်းကြီးလောင်းခဲ့ကြပါတယ်။ အစကတော့ အဲဒီအမျိုးသားဟာ တစ်ချက်နှစ်ချက် ပြန်လည် ခုခံခဲ့ေ ပမယ့် နောက်ဆုံး ယောက်ဖတွေရဲ့ အင်အားကို မလွန်ဆန်နိုင်တော့ပါဘူး။
နောက်ဆုံးမှာတော့ ပညာကုန်သုံးတိုက်ခိုက်နေတဲ့ ယောက်ဖတွေရဲ့ လက်သီးတွေ ကန်ချက်တွေကိုသာ အနိုင်နိုင်ကာ ကွယ်ရင်း ထွက်ပေါက်ရှာနေတာကို တွေ့ရပါတယ်။ ဇနီးသည်နဲ့ ၎င်းရဲ့မိခင်ကတော့ ခုတင်ပေါ်က အမြောင်မယားကို အ၀တ်အစားတွေ ၀ိုင်းချွတ်နေပြီး လူမြင်ကွင်းမှာ အရှက်ကောင်းကောင်းခွဲဖို့ ပြင်ဆင်နေပုံရပါတယ်။
ဒီအဖြစ်အပျက်ဟာ တရုတ်လူမှုကွန်ယက် Weibo မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က အဖြစ်အပျက်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်နေရာဘယ်ဒေသမှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုလည်း ဖော်ပြမထားပါဘူး။ ဒါပေမယ့် အသုံးပြုတဲ့ ဘာသာစကားကြောင့် တစ်ချို့ကတော့ တရုတ်ပြည်အလယ်ပိုင်းမှာက ဒေသတစ်ခုမှာ ဖြစ်ပျက်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။
နတ်စည်တော် (Shwemom)
source : viral4real.com
Shwemom မှကူးယူဖော်ပြသည်

No comments: