ကော့ကရိတ်တွင် ၁၄ နှစ်သားက ၁၅ နှစ်သမီးကို ဓားဖြင့် ထိုးမည်ဟု ခြိမ်းခြောက်ကာ သားမယားပြုကျင့်မှု ဖြစ်ပွား

ကော့ကရိတ်တွင် ၁၄ နှစ်သားက ၁၅ နှစ်သမီးကို ဓားဖြင့် ထိုးမည်ဟု ခြိမ်းခြောက်ကာ သားမယားပြုကျင့်မှု ဖြစ်ပွား
===========================
ကော့ကရိတ်၊ ဧပြီ ၂၅
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ နယ်တွင် ဧပြီလ ၂၃ ရက်နေ့ ညပိုင်းက ၁၅ နှစ်အရွယ် မိန်းကလေးငယ်အား အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက ဓားဖြင့်ထိုးမည်ဟု ခြိမ်းခြောက်ကာ အလိုမတူဘဲ သားမယားအဖြစ်ပြု ကျင့်မှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေးသတင်း ဌာန၀က်ဘ်ဆိုက်မှာ ဧပြီ ၂၄ ရက်က ဖော်ပြခဲ့ပါတယ်။
ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက် နေ့ည ၇နာရီ ၁၅ မိနစ်ခန့် တွင် -----ကျေးရွာနေ ဒေါ်သန်းသန်းမြင့် သည် သမီးဖြစ်သူ မ-------(၁၅)နှစ်(၆)လအားရွာထဲရှိ နေအိမ်တစ်အိမ်တွင် တီဗွီကြည့်ရန်ထားခဲ့ပြီး ည ၉နာရီ ၁၅ မိနစ်ခန့်တွင်သွားရောက်ခေါ်ဆောင်ရာ မတွေ့ရှိရသဖြင့် ပြန်သွားပြီဖြစ်ကြောင်း ပြောသဖြင့် လိုက်လံရှာဖွေခဲ့ကြောင်း၊ ထိုသို့ရှာဖွေရာတွင် သမီးဖြစ်သူကို ရွာထဲရှိ သရက်ပင်တစ်ပင်အောက်တွင် ထိုင်ငိုနေသည်ကိုတွေ့ရှိပြီး ၎င်းက အိမ်သို့ပြန်လာစဉ် တစ်ရွာတည်းနေ မောင်အွန်မယ်(၁၄)နှစ်က လက်ဆွဲပါးစပ်ပိတ်၍ မအော်ရန်နှင့်အော်လျှင် ဓါးဖြင့်ထိုးမည်ဟုပြောဆိုပြီးလူမနေသည့်အိမ်နောက်ဘက်သို့ဆွဲခေါ်ကာ သားမယားပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ ပြုကျင်ခဲ့သဖြင့် သမီးဖြစ်သူအား သားမယားပြုကျင့်သူ မောင်အွန်မယ်(၁၄)နှစ်ကို အရေးယူပေးပါရန်ကျုံဒိုးမြို့ မရဲစခန်းသို့ မိခင်ဖြစ်သူက တိုင်ကြားခဲ့ရာ ကျုံဒိုးမြို့ မရဲစခန်းက (ပ)၅၁/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ အရေးယူဆောင်ရါက်နေကြောင်း သိရပါတယ်။
မင်းထွန်း(အုတ်ကျင်း)

No comments:

Powered by Blogger.