အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်ခြောက်ဦး အမှု အမှုစစ်ရဲအရာရှိကို လေးကြိမ်မြောက် စစ်ဆေး

ရန်ကုန်၊ ဧပြီ ၂၀ – အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်ခြောက်ဦးအမှုမှာ တရားလိုပြသက်သေအဖြစ် အမှုစစ်ရဲအရာရှိကို လေးကြိမ်မြောက် စစ်ဆေးရာ နစ်နာသူကလေးမလေးနှစ်ဦးနဲ့ သူတို့ရဲ့အုပ်ထိန်း သူတွေက စွပ်စွဲခံရသူတွေကို အရေးယူပေးဖို့တိုင်ကြားခဲ့တာမရှိ ကြောင်းထွက်ဆိုတယ်။
သက်သေရဲအရာရှိကို စွပ်စွဲခံရသူဘက်က အကျိုးဆောင်က ပြန်လှန်စစ်မေးရာသက်သေခံအဖြစ်သိမ်းဆည်းထားတဲ့ ပစ္စည်းတွေ ဟာ အိမ်ရှင်မတွေသုံးတဲ့ သာမန်အိမ်အသုံးအဆောင်တွေဖြစ်တယ်ဆိုက ပြစ်မှုကျူးလွန်ရာမှာ သုံးမယ်ဆိုလည်း သုံးနိုင်ကြောင်းထွက်ဆို တယ်။
သက်သေခံပစ္စည်းတွေနဲ့ပတ်သက်ပြီး ဘယ်သူက ဘယ်သူ့ကို ဘယ်အချိန်က ဘာဒဏ်ရာရအောင်လုပ်ကြောင်း ကိုယ်တိုင်မြင် တွေ့ခြင်းမရှိသလို သက်သေအဖြစ် ပါဝင်သူတွေကလည်း ကိုယ် တိုင်မမြင်ဘဲ တစ်ဆင့်ကြားစကားနဲ့ စစ်ဆေးခံခဲ့တယ်ဆိုက သက်သေအဖြစ်ပါသူထဲ မစန်းကေခိုင်နဲ့ မသဇင်တို့ထွက်ချက်အရ သိရပြီး မိမိကိုယ်တိုင်မြင်ခြင်း မရှိကြောင်းထွက်ဆိုတယ်။
၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံလူ့အ ခွင့်အရေးကော်မရှင်ရုံးမှာ အိမ်အကူ မိန်းကလေးငယ် မသဇင်ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ပတ်သက်ပြီး နှစ်ဖက်ညှိနှိုင်းကာ တင်မင်းလတ်ထံ က ငွေကျပ် ၁၀ သိန်းနစ် နာကြေးယူပြီး နှစ်ဦးသဘောတူချက်ကို ယခုပြလို့ မြင်တယ်ဆိုက မြင်ကြောင်း၊ မစန်းကေခိုင်ခန္ဓာကိုယ်မှာ ရတဲ့ ဒဏ်ရာများအတွက် နစ်နာကြေးအဖြစ် သူ့မိခင်ဒေါ် ညိုညိုဝင်း က ကိုယ်တိုင် ရာဇာထွန်းနဲ့ စုမွန်လတ်တို့ဆီက ငွေကျပ်သိန်း ၄၀ လက်ခံယူပြီး နှစ်ဖက်သဘောတူခဲ့တ ပြသတွေ့မြင်လားဆိုက ပြသ သိရှိရကြောင်း၊ နှစ်ဖက်အပြန်အလှန် နစ်နာကြေး အပေးအယူပြုပြီး နောက်ပိုင်း ကာယကံရှင် ကလေးမလေးနှစ်ဦးနဲ့အုပ်ထိန်းသူတွေက ရုံးရှေ့စွပ်စွဲခံရသူ ခြောက်ဦးကို ဥပဒေကြောင်းအရ အရေးယူပေးဖို့ တိုင်တန်းတာမရှိဆိုက မှန်ကြောင်းထွက်ဆိုတယ်။
ဖြစ်စဉ်အကျဉ်း
သည်အမှုဟာ ကျောက်တံတားမြို့နယ်အတွင်း အိမ်အကူ မိန်းကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီးလုပ်ခလစာမပေးဘဲ အိမ်ရှင်ဖြစ်သူတွေက တုတ်နဲ့ရိုက်၊ ရေနွေးပူနဲ့လောင်း၊ ကတ် ကြေးနဲ့ထိုး၊ လက်ချောင်းများ လှန်ချိုးခဲ့ တဲ့အပြင် နေအိမ်က ထွက်လို့မရအောင် တားဆီးပိတ်ပင်ထားတယ်ဆိုပြီး လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တဲ့အမှုဖြစ်ပါတယ်။ အနောက်ပိုင်း ခရိုင်တရားရုံးမှာ လူကုန်ကူးမှု၊ ကလေးသူငယ်ဥပဒေအရ စွဲဆိုမှု၊ ရာဇသတ်ကြီးဥပဒေအရ စွဲဆိုမှုတွေနဲ့ တရားရင်ဆိုင်နေရတာဖြစ် ပါတယ်။
Author – လူမွန်

No comments:

Powered by Blogger.