စကပ်အောက်သို့ လျှို့ဝှက်ကင်မရာဖြင့် မဖွယ်မရာဗွီဒီယိုရိုက်သူကို ဖမ်းဆီးနိုင်ခဲ့

စကပ်ဝတ်ဆင်ထားသည့် အမျိုးသမီးများ၏ အောက်ပိုင်းမဖွယ်မရာ ဗွီဒီယိုမှတ်တမ်းများ လျှို့ဝှက်ရိုက်ယူနေသည့် မလေးရှားနိုင်ငံသားတစ်ဦးကို တာဝန်ရှိသူတွေက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားရဲ့ အမည်ကို ဖော်ပြထားခြင်း မရှိပေမယ့် အသက်ကတော့ 39 နှစ်ရှိပြီလို့ သိရပါတယ်။
၎င်းအမျိုးသားဟာ အိမ်ရိုက်သံထိပ်ဖျား ရွယ်အစားလောက်သာရှိတဲ့ အလွန်သေးငယ်သည့် ကင်မရာကို ဖိနပ်ဦးမှာ ထည့်သွင်းတပ်ဆင်ပြီး အမျိုးသမီးများရဲ့ အောက်ပိုင်းမဖွယ်မရာ ဗွီဒီယိုတွေကို ရယူခဲ့တာပါ။ အဲဒီကင်မရာ သေးသေး  လေးနဲ့ သူ့ရဲ့ဖုန်းကို ချိတ်ဆက်ပြီး အလုပ်လုပ်စေတယ်လို့ သိရပါတယ်။
သူရဲ့ မသင်္ကာဖွယ်ရာလုပ်ရပ်ကို ရိပ်မိသိရှိသူလည်း အတော်ပင်နည်းပါးခဲ့လို့ သူဟာ ဒီပြစ်မှုကို ဘယ်တုန်းကတည်းက ကျူးလွန်နေခဲ့တယ်ဆိုတာ အတိအကျသိရဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အခုကိစ္စမှာတော့ ပါးနပ်တဲ့ တာဝန်သိပြည်သူတစ်
ဦးက ဦးစွာ ရိပ်မိခဲ့ပြီး၊ သူ့ကို ထိုးကြိတ်ကန်ကျောက် ခဲ့ပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့ဟာ သက်သေသက်ကာယ ခိုင်လုံစွာနဲ့ တရားခံကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာ အနီးစပ်
ဆုံး သားကောင်ဖြစ်ခဲ့တဲ့ အသက် 38 နှစ်အရွယ် အမျိုးသမီးကလည်း ရိပ်မိသိရှိခြင်းမရှိဘူးလို့ ဆိုပါတယ်။ တရားခံဟာ ကင်မရာတပ်ဆင်ထားတဲ့ ဖိနပ်ဦးကို မက်တပ်ရပ်နေတဲ့ အမျိုးသမီးရဲ့ ခြေထောက်ကြားအထိထားပြီး မှတ်တမ်းယူခဲ့ပုံ ရပါတယ်။



ဒီပြစ်မှုကြောင့် တရားခံအမျိုးသားဟာ အများပြည်သူဘေးကင်းလုံခြုံရေးအက်ဥပဒေ ပုဒ်မ 294 အရ ထောင်ဒဏ် သုံးလအထိ ကျခံရဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းဆိုင်ရာ ဂုဏ်သိက္ခာကို သိသိသာသာ ညှိုးနွမ်းစေခြင်းမှ အကာအကွယ်ပေးသည့်ဥပေဒ ပုဒ်မ 509 အရ ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။

နတ်စည်တော် (Shwemom)

 "www.shwemom.com  မှ ကူးယူဖော်ပြသည်။"

No comments:

Powered by Blogger.