ခုံတစ်နေရာစာ ရဖို့ခက်ခဲလှတဲ့ ဘင်္ဂလားဒေ့ရှ်က အလုပ်သွား၊အလုပ်ပြန် ရထားခရီးစဉ်

ဘင်္ဂလားဒေးရှ်နိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် ပို့ဆောင်ရေးပိုင်းမှာ အားနည်းချက်တွေအများကြီး ရှိတဲ့နိုင်ငံတစ်ခု
ဖြစ်ပါတယ်။ ဒီပို့ဆောင်ရေးအားနည်းချက်တွေဟာ အနှစ် 30 ကျော်အတွင်းမှာ သိသိသာသာတိုးလက်မလာပဲ၊ ပိုဆိုးလာ
တဲ့ သဘောဘက်မှာတောင် ရှိနေခဲ့ပါတယ်။

1950 ၀န်းကျင်လောက်က ဘင်္ဂလားဒေ့ရှ်မှာ ပုံမှန်ရထားနဲ့ ခရီးသွားသူတွေဟာ ယခုအချိန်ထက် အဆမတန်နည်းပါးခဲ့ပါ တယ်။ နောက်ပိုင်းကာလတွေမှာတော့ နိုင်ငံဆင်းရဲ့ကြပ်တည်းမှုနဲ့အတူ ပြည်သူပြည်သားအမြောက်အများလည်း မိုင် 100 အတွင်းက ဒေသတွေကို အလုပ်သွားအလုပ်ပြန် ပြုလုပ်ကာ ၀မ်းစာရှာဖွေရတဲ့ပုံစံမျိုး ပြောင်းလာခဲ့ပါတယ်။

အများအားဖြင့်တော့ ဒါကာမြို့တော်ဟာ စုရပ်ဖြစ်ပြီး၊ ယင်းမြို့တော်ဆီကို မလှမ်းမကမ်းက မြို့တွေ၊ ရွာတွေက လူဦးရေ
သောင်းချီပြီး၊ နေ့စားအလုပ်သမားတွေအဖြစ် သွားရောက်လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့် စရိစကကြီးမားတဲ့ မော်တော်
ယာဉ်ပြေးဆွဲ မှုတွေတစ်မြို့နဲ့တစ်မြို့ ပေါ်ပေါက်လာခဲ့ပေမယ့် အခြေခံအလုပ်သမားတွေကတော့ စာရိတ်စက သက်သာစွာ
နဲ့ သွားလိုရာကို ရောက်နိုင်တဲ့ ရထားကိုသာ အသုံးပြုနေရဆဲပါ။

ဒါကြောင့် ရထားနဲ့ခရီးသွားလိုသူတွေဟာ ဖောင်းပွခဲ့ပြီး၊ ရထားအတွင်းမှာ နေရာလွတ်မရှိလို့ အသက်အန္တရာယ် ကြီးမားလှ
တဲ့ ရထားခေါင်မိုးပေါ်အထိ တက်ပြီး၊ ရထားဘေးမှာ တွယ်လိုက်ပြီး စီးနင်းရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါကိုလည်း ပို့ဆောင်ရေးဝန်ကြီးဌာနက အစောပိုင်းမှာ တားမြစ်အမိန့်တွေထုတ်ခဲ့ပေမယ့်၊ ခရီးသွားပြည်သူတို့ရဲ့ လိုအပ်ချက်ကို ပြည့်မီ
အောင် မစောင်ရွက်ပေးနိုင်ခဲ့လို့ မထိရောက်ခဲ့ပါဘူး။

ရထားတစ်စီးမှာ ခေါင်းမိုးနဲ့ဘေးကနေ တွယ်စီးသူဦးရေဟာ 2000 ကျော်အထိ ရှိပြီး၊ ရထားတစ်စီးမှာ စုစုပေါင်း ခရီးသည်ဟာ 3500 ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို မှတ်တမ်းရုပ်ရှင်သမား Yousuf Tushar က သွားရောက်မှတ်တမ်းတင်ခဲ့ပြီး သူတို့ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ ကြီးမားပုံကို ပြသခဲ့ပါတယ်။

Yousuf က ” အတွင်းထဲမှာ နေရာရဖို့ဆိုတာ အတော်ခက်ခဲတဲ့ကိစ္စပဲ .. ခုံတွေမှာက လူအပြည့် .. ခုံမဲ့တွေက ရထား
ကြမ်းပြင်ပေါ်မှာ ပြွတ်သိပ်နေတာလေ … ဒီတော့ အပေါ်ကနေ တက်စီးရတယ် … ရထားဘေးကနေ … ရထားရဲ့ ရှေ့ပိုင်းမှာတောင် စီးနင်းလိုက်ပါသူတွေ ရှိပါတယ် “လို့ ပြောခဲ့ပါတယ်။

လူစီးရထားတွဲကြီးဟာ လူတွေကို အပြည့်အသိပ်တင်ပြီး၊ တစ်နာရီ 27mph နဲ့ နေ့စဉ်ခုတ်မောင်းလျှက်၊ ခရီးသွားပြည်သူ
တွေကလည်း ဒီကိစ္စဟာ အထူးအဆန်းမဟုတ်တော့ပဲ၊ နိစ္စဒူဝ ကြုံနေရတဲ့ ကိစ္စရပ်ကြီးဖြစ်လို့ ဒုက္ခကိုတောင် ဒုက္ခလို့ မထင်
မှတ်တော့၊ အသက်အန္တရာယ်ရှိတာမှန်း သိရက်နဲ့တောင် အသက်အန္တရာယ်မှန်း မသိတော့တဲ့အဖြစ်ပါ။

လင်းဇော်ကို (Shwemom)
source : thesun.co.uk








No comments:

Powered by Blogger.