တရုတ်က တင်သွင်းလာသည့် ကြက်ဥအလုံး ၃၀၀၀ ကျော်ကို မော်လူးဘူတာတွင် ဖျက်ဆီး

H1N1 ရောဂါ ကာကွယ်ထိမ်းသိန်းရေး စီမံချက်အရ မြစ်ကြီးနားကနေ ရထားနဲ့ တင်ဆောင်လာတဲ့ တရုတ်စာတမ်းပါ ကြက်ဥအလုံးပေါင်း ၃၀၀၀ ကျော်ကို သိမ်းဆည်း ဖျက်ဆီးခဲ့တယ်လို့ မော်လူးနယ်မြေ ရဲစခန်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဘူတာ ကုန်တင်ကုန်ချရုံမှာ ဧပြီ ၂၈ ရက် မနက် ၈ နာရီက တရုတ်ပြည်က တင်သွင်းတဲ့ ကြက်ဥတွေကို H1N1 ရောဂါ ကာကွယ်ထိန်းသိမ်းရေး စီမံချက်အရ မြန်မာပြည်မှာ ကူးစက်မှု မပြန့်ပွားစေဖို့ တရုတ်စာတမ်းပါ စက္ကူဂျပ်ဖာနဲ့ ထည့်ထားတဲ့ ကြက်ဥတွေ ရောက်ရှိနေတဲ့ သတင်းအရ ဖမ်းဆီးဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ မော်လူးနယ်မြေရဲစခန်းက  တာဝန်ရှိသူတွေ၊ မော်လူး တိုက်နယ် ဆရာဝန်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ တိကုဆရာဝန်၊ စည်ပင်သာယာဈေးတာဝန်ခံ၊ ဘူတာရုံပိုင်နဲ့ တာဝန်ရှိသူတွေဟာ မော်လူးဘူတာ ကုန်တင်ကုန်ချရုံမှာ သွားရောက်စစ်ဆေးရာ တရုတ်စာတန်း ပါ ဂျပ်ဖာတဖာမှာ ကြက်ဥအလုံး ၃၆၀ ပါ ၉ ဖာ စုစုပေါင်း ၃၂၄၀ လုံးကို တွေ့ရှိခဲ့တာပါ။ အဆိုပါကြက်ဥတွေဟာ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ ဒေါ်ဌေး(ရွှေပါရမီ) ကုန်စုံဆိုင်က ဧပြီ ၂၇ ရက်နေ့က မြစ်ကြီးနားဘူတာက ထွက်ခွာလာတဲ့ အမှတ် ၅၀ အစုန်မြစ်ကြီးနား နဘားခေါက်ပြန်ရထားနဲ့ ပါဆယ်တင်လာခဲ့ပြီး မော်လူးဘူတာကို ည ၁၀ နာရီ ၂ မိနစ်မှာ ရထားဆိုက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပိုင်ရှင်မှာ မော်လူးအမှတ်(၅)ရပ်ကွက်နေ ဒေါ်မာမာဝင်း ဖြစ်ပြီး ကြက်ဥတွေ သယ်ဆောင်မှုနဲ့ ပတ်သက်လို့ စာရွက်စာတမ်း ထောက်ခံချက်တစုံတရာ မတွေ့ရှိဘဲ H1N1 ရောဂါ ကာကွယ်ထိန်းသိမ်းရေး စီမံချက်အရ ဒီကနေ့ မနက် ၁၀ နာရီမှာ ကြက်ဥတွေကို မော်လူးအရှေ့ဘက် မိလ္လာစွန့်ပစ်ကန်မှာ သွားရောက်ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။ သတင်း – ခင်ရွှေ (မောင်လူး) Credit-DVB

No comments:

Powered by Blogger.