လူ(၂၀)ဦး အထိ သေဆုံးလာနေပြီဖြစ်သော မြဝတီအာရှလမ်း ကားချောက်ထဲကျ တိမ်းမှောက်မှု
ဇရပ်ကြီး - တောင်ငူ - မြဝတီ ပြေးဆွဲသော
ခရီးသည်တင်ကား "ကပေါ်ထူး"
BGO(9B-2717) ဟာ
ညနေ(6:00)အချိန်ခန့်(တောင်ငူ-ဇရပ်ကြီး မှ မြဝတီမြို့ သို့ စတင်ထွက်ခွာ မောင်းနှင်လာပြီး
၂၈.၄.၂၀၁၇ရက်နေ့ မနက် ၁၀း၄၅အချိန်
ကော့ကရိတ် -မြဝတီ အာရှလမ်း ကွမ်းခြံကွေ့ (ခ)ဒေသအခေါ် ဖောက်သည်ကွေ့
ကုန်းထိပ်အရောက်မှာတော့ ဂီယာ မှားထိုးမိသကဲ့သို့ တောင်ခပန်းပေါ်ထိုးတက်၍
ပေ(150)ခန့်အနက်ရှိ ချောက်အတွင်းသို့ ဒိုင်ဗင်သဖွယ် ထိုးကျတိမ်းမှောက်မှု ဖြစ်ပွါးခဲ့ပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့်ခရီးသည်အားလုံးနီးပါးထိခိုက်ကာ ကျား ၁၀ ဦး ၊ မ ၇ ဦး
စုစုပေါင်း ၁၇ ဦးသေဆုံးပြီးဒါဏ်ရာပြင်းထန် ၂၂ ဦးစုစုပေါင်း ၃၉ ဦး မြဝတီဆေးရုံတွင်ဆေးကုမှုခံယူလျှက်ရှိပြီးလူမုကူညီရေးအဖွဲ့များနယ်မြေခံ တပ်နယ်မှ အရာရှိစစ်သည်များနှင့် ဆေးရုံ ဆေးမှူး၊ သူနာပြုများမှ တတ်နိုင်သရွေ့
ကြိုးပမ်း ကူညီဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။

ဆွေမျိုးသားချင်းများ သိစေရန် ရည်ရွယ်ပါတယ်
၂၈.၄.၂၀၁၇
ဓာတ်ပုံ - လူမှုကွန်ယက်
ကျိုက်မရော/မုဒုံ သတင်းစုံ
ဓာတ်ပုံ - လူမှုကွန်ယက်
ကျိုက်မရော/မုဒုံ သတင်းစုံ

No comments: