အိုင်းစတိုင်း ၊ စတီဖင်ဟော့ကင်းတို့နဲ့ ဥာဏ်ရည်တူညီနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

အသက် ၆ နှစ် အရွယ် ကလေးငယ်တစ်ယောက်ရဲ့ ဥာဏ်ရည်ဟာ ကမ္ဘာ့ဥာဏ်ကြီးရှင် တစ်ယောက်ဖြစ်သူ အိုင်းစတိုင်း ရဲ့  ဥာဏ်ရည်နဲ့ တူညီနေတာကြောင့် Mensa ရဲ့  အသက်အငယ်ဆုံး အဖွဲ့ဝင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
Mensa ဆိုဟာ ကမ္ဘာ့အကြီးဆုံးနဲ့ သက်တမ်း အရှည်ကြာဆုံး ဥာဏ်ရည်မြင့်သူ တို့ရဲ့ လူ့အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။
အသက် ၆ နှစ်သာ ရှိသေးတဲ့ Sherwyn Sarabi ရဲ့  ဥာဏ်ရည်ဟာ အနည်းဆုံး ၁၆၀ အထိ ရှိနေခဲ့ပါတယ်။ သူ့ရဲ့ဥာဏ်ရည်ဟာ အတွေးအခေါ်ပညာရှင်ကြီး စတီဖင်ဟော့ကင်း ကို သတ်မှတ် ထားတဲ့ အမြင့်ဆုံး အဖွဲ့မှာ ပါဝင်လောက်အောင် ကို မြင့်မား နေခဲ့ပါတယ်။ထို ကလေးငယ်ဟာ လက်ရှိမှာ GCSE သချာင်္ ဘာသာရပ်ကို သင်ကြားနေသူဖြစ်ပြီး စန္ဒယား ပညာရပ်ကိုလည်း ၅ တန်းထိ အောင်မြင်ထားသူတစ်ယောက်ဖြစ်ပါတယ်။
သူ့ရဲ့  မိခင်ဖြစ်သူ South Yorks ပြည်နယ် ၊ Barnsley မြို့ မှာနေထိုင်တဲ့ Amanda ကတော့ “သူ့အတွက် ကျောင်းသင်ခန်းစာတွေက မလုံလောက်တာကြောင့် ကျောင်းချိန်ပြင်ပမှာလည်း သူဟာ သင်ခန်းစာတွေ လေ့လာနေခဲ့ပါတယ်။ သချာင်္ဟာ သူ့အကြိုက်ဆုံး ဘာသာရပ်ပါ။” လို့ဆိုပါတယ်။
လက်ရှိမှာလည်း Amanda ဟာ မိဘတွေအနေနဲ့ ကလေးငယ်တစ်ယောက်ကို ဂျီးနီးယပ်စ် တစ်ယောက်ဖြစ်လာအောင် ဘယ်လို ပြုစုပျိုးထောင်မလဲဆိုတဲ့ အကြောင်းအရာမျိုးနဲ့ စာအုပ်တစ်အုပ် ကိုရေးသားနေပြီဖြစ်ပါတယ်။
မိခင်ဖြစ်သူ Amanda ရဲ့  ပြောကြားချက်အရ ထိုကလေးငယ်ဟာ အသက် ၁ နှစ်အရွယ်မှာ အရောင်အားလုံးကို သိနားလည်ခဲ့ပြီး အသက် ၂ နှစ်မှာ မြေပုံပေါ်က နိုင်ငံတိုင်း ၊ မြို့တိုင်းရဲ့နာမည်ကို မှန်ကန်အောင်ဖြေနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ သူဟာ အသက် ၄ နှစ်အရွယ်မှာတော့ Mensa အဖွဲ့ရဲ့ ဥာဏ်ရည် စစ်ဆေးတဲ့ စာမေးပွဲတွေကို ၀င်ရောက်ဖြေဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။
( Mario )

Credit: SearchMyanmar

No comments:

Powered by Blogger.