ဒုတိယ ကမ္ဘာစစ်အတွင်းက ကျုးကျော်လာသူ ဂျာမန်စစ်သားများကို ကြောက်ရွံ့စေခဲ့တဲ့ ရုရှားအမျိုးသမီး စနိုက်ပါတပ်ဖွဲ့တွေအထဲမှာမှ ရန်သူပေါင်း ၃၀၉ ယောက်ကို ပစ်သတ်နိုင်ခဲ့တဲ့ ‘Lady Death’ လို့အမည်ရတဲ့ ရုရှားအမျိုးသမီး စနိုက်ပါတစ်ဦးဖြစ်သူ လုဒ်မီလာ ပဲလစ်ချင်ကို (Lyudmila Pavlichenko) အပါအ၀င် ရုရှား အမျိုးသမီး စနိုက်ပါများ ရဲ့ ဓာတ်ပုံများကို The Sun သတင်းစာက ပြန်လည်ဖော်ပြခဲ့ပါတယ်။ဒါ့အပြင် ရန်သူပေါင်း  ၅၉ ယောက်ကို ပစ်သတ်နိုင်ခဲ့တဲ့ အမျိုးသမီးစနိုက်ပါ ဖြစ်သူ ရိုဇာရာနီနာ ကိုပါမြင်ရမှာဖြစ်ပြီး ဒီရုရှားအမျိုးသမီး စနိုက်ပါတပ်ဖွဲ့ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမန်များရဲ့ ကျူးကျော်မှုကို စစ်ပွဲအတွင်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
ဒီ ဓာတ်ပုံများကို ရုရှားနိုင်ငံ မော်စကိုမှာ နေထိုင်တဲ့ ဘာသာပြန်တစ်ဦးဖြစ်သူ အော်ဂါ ရှီနီနာက ဓာတ်ပုံများကို colour ထည့်ခဲ့တာ ဖြစ်ပြီး ” ဒီဓာတ်ပုံတွေဟာ တပ်နီတော်မှ အမျိုးသမီး စနိုက်ပါများရဲ့ ရှားပါးတဲ့ ဓာတ်ပုံများဖြစ်ပါတယ်။ရုရှားနိုင်ငံ သမိုင်းဟာ စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ သမိုင်းကြောင်းတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံကိုသာမက ကမ္ဘာလောကကြီးတစ်ခုလုံးကိုပါ အကျိုးသက်ရောက်မှုရှိစေတဲ့ သမိုင်းကြောင်းတစ်ခု ဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ ဓာတ်ပုံတစ်ပုံမှာ အဓိပ္ပါယ်များစွာ ပြည့်နှက်နေပြီး ကျွန်တော် Colour ထည့်ခဲ့တဲ့ဓာတ်ပုံများမှတဆင့် ရဲရင့်လှတဲ့ ရုရှားအမျိုးသမီး စစ်သည်များအကြောင်းကို လူတွေပိုသိလာကြမယ်ဆိုရင်ပဲ ကျွန်တော်ဝမ်းသာပါတယ်။တခြားသောနိုင်ငံများမှာ အမျိုးသမီးစစ်သားတွေ၊စနိုက်ပါတွေ၊ယာဉ်မောင်းတွေနဲ့ ဆေးဝါးအကူတွေ သိပ်များများစားစားမရှိသေးခဲ့တဲ့အချိန်မှာ ရုရှားအမျိုးသမီး စနိုက်ပါတပ်ဖွဲ့ရှိခဲ့တာကလည်း ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။
လုဒ်မီလာ ပဲလစ်ချင်ကို (Lyudmila Pavlichenko)ဟာ ၁၉၄၁ ခုနှစ် ဂျွန်လမှာ တပ်နီတော် အမှတ် ၂၅ ရိုင်ဖယ်တပ်ရင်းကို ၀င်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး ရုရှားအမျိုးသမီး စနိုက်ပါ အယောက် ၂၀၀၀ ထဲက တစ်ယောက်ဖြစ်ပါတယ်။
ထိုအမျိုးသမီး စနိုက်ပါ အယောက် ၂၀၀၀ ဟာဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာတော့ အယောက် ၅၀၀ မျှသာ အသက်ရှင်ကျန်ခဲ့တယ် လို့သိရပါတယ်။ ပဲလစ်ချင်ကို ဟာ ရုရှားတပ်နီတော်မှ ထိပ်တန်းစနိုက်ပါတစ်ဦးဖြစ်ခဲ့ပြီး ရန်သူပေါင်း ၃၀၉ ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ် လို့သိရပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်းက ဆိုဗီယက်တပ်နီတော်အတွင်းမှာ အမျိုးသမီးပေါင်း ၈ သိန်းကျော်ဟာ စနိုက်ပါ၊ယာဉ်မောင်း၊စက်သေနတ်ပစ်သူနဲ့ ဆေးဝါးတပ်ဖွဲ့များအတွင်းမှာ ၀င်ရောက်အမှုထမ်းခဲ့တယ် လို့သိရပါတယ်။
Shwemom
Ref : The Sun

No comments:

Powered by Blogger.