ကမ်းရိုးတန်းသွား သင်္ဘောတစ်စီး ရန်ကုန်ဗားကရာဆိပ်ကမ်းမှာ နစ်မြုပ်

ရန်ကုန်မြို့၊ ကြည်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းမှာ ရန်ကုန်ကနေ စစ်တွေကိုထွက်ခွာမဲ့ ရွှေလက်ဝါး အမည်ရှိတဲ့ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောတစ်စီးဟာ ဧပြီ ၂၆ ရက်နေ့ညနေပိုင်းက တိမ်းစောင်းလာတာကြောင့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းတွေကို ပြန်လည်သယ်ချခဲ့ရပြီး ည ၇ နာရီမှာတော့ နစ်မြုပ်ခဲ့ပါတယ် ။သင်္ဘောပေါ်မှာ ဆီပုံးတွေနဲ့ စားသောက်ကုန်တွေအပြင် မော်တော်ယာဉ် နှစ်စီးကိုလည်းတင်ဆောင်ထားတာဖြစ်ပြီး အချို့အဝက်ကို သင်္ဘောမနစ်မြုပ်ခင် သယ်ယူနိုင်ခဲ့ပါတယ် ။
author စစ်ထက်အောင်
ဓာတ်ပုံ- ကုမုဒြာ

No comments: