ဆီးရီးယားမစ်ရှင်မှရရှိသော ရုရှားလေယာဉ်တင်သင်္ဘော၏သင်ခန်းစာများ

ရုရှားနိုင်ငံ၏ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘောဖြစ်တဲ့ Admiral Kuznetsov ဟာ ဖေဖော်ဝါရီလ ကတည်းက ဆီးရီးယားအရေးအတွက် ဆီရီးယားကမ်းရိုးတန်းတွင် တာဝန်ထမ်းဆောင်နေရာမှ ယခုအခါ ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး Murmansk မြို့အနီးရှိ ဆိုက်ကပ်မြဲ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပါပြီ။
Admiral Kuznetsov လေယာဉ်တင်သင်္ဘောဟာ ကာလကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သဖြင့် ယိုယွင်းမှု များစွာဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်ဖို့ အချိန်အကြာကြီးယူရတော့မှာဖြစ်ပါတယ်။ ယခု post ကတော့ ရုရှား တို့၏တစ်စီးထဲသော လေယာဉ်တင်သင်္ဘောဟာ အမေရိကန်တို့နှင့်ယှဉ်ပါက အားနည်းချက်များစွာရှိနေတာ ကိုဖော်ပြသွားမှာဖြစ်ပါတယ်။
ပထမဆုံးပြောရရင်တော့ Kuznetsov ဟာ ရုရှားရေတပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နည်းပညာအားဖြင့် လေယာဉ်တင်သင်္ဘောစစ်စစ်ကြီးတော့ မဟုတ်ပါဘူး။ သို့ပေမယ့် တပ်ဆင်ထားတဲ့ Granit anti-ship missiles ၁၂ လုံးကိုအခြေပြုပြီး ကြီးမားသောလေယာဉ်တင်ဆောင်နိုင်တဲ့ ခရူဇာစစ်သင်္ဘောလို့ခေါင်းစဉ်တပ်ထားတာပါ။
အဆိုပါ anti-ship missile များအားဖယ်ရှားပြီး ပိုမိုအဆင့်မြင့်သည့် ဘက်စုံသုံး P-800 Oniks များပစ်ခတ်နိုင် သည့် ဒေါင်လိုက်ဒုံးပစ်စင်များထည့်သွင်းခြင်း၊ မြေပြင်ပစ် Kalibr-NK missile များထည့်သွင်းခြင်း နှင့် စစ်ဆင်နိုင်သည့်အကွာအဝေး အမြောက်အမြားမြှင့်တင်ခြင်းများကို စတင်ပြုလုပ်တော့မှာဖြစ်ပါတယ်။
ဒါ့အပြင် Kuznetsov ရဲ့ သင်္ဘောကုန်းပတ်ကို အဆင့်မြှင့်ရန်၊ လျှပ်စစ်စနစ်များကို အစားထိုးရန် နှင့် အလွန်အခြေအနေဆိုးဝါးနေတဲ့ ဘွိုင်လာများကိုလဲ လဲလှည်ဖို့လိုအပ်နေပါသေးတယ်။ ဒါ့ကြောင့် ယခုကဲ့သို့ ကြီးကြီး မားမားပြုပြင်ရန်မှာ အစအဆုံးပြန်လည်တည်ဆောက်သည့်နှင့်ပင် တူနေပါတယ်။
ဆီးရီးယားသို့ လေယာဉ်တင်သင်္ဘောစေလွှတ်ခဲ့တဲ့ မစ်ရှင်ဟာ ရုရှားတို့ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော စေလွှတ်ခဲ့တဲ့ မစ်ရှင်လည်းဖြစ်ပါတယ်။ မေးခွန်းထုတ်စရာကတော့ Leonid Brezhnev ဆိုတဲ့အမည်နှင့် ၁၉၈၅ ခုနှစ်ကတည်းကစတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ Kuznetsov လေယာဉ်တင်သင်္ဘောဟာ ယခုအချိန်အထိ အသုံးပြုရန် အသုံးဝင်ခြင်းရှိမရှိဆိုတာပါပဲ။
အမှန်တော့ ရုရှားဟာ သူ့ရဲ့လေယာဉ်တွေကို အမေရိကန်လေယာဉ်တင်သင်္ဘောတွေတာဝန်ထမ်းဆောင်နိုင် သလောက် အကြာကြီးတာဝန်ထမ်းဆောင်နိုင်ခြင်းမရှိတဲ့ Kuznetsov လေယာဉ်တင်သင်္ဘောပေါ်မှထက် Khmeimim တွင်ရှိတဲ့ ဆီးရီးယားမြေပြင်လေတပ်အခြေစိုက်စခန်းမှပျံတက်တာဟာ ပိုပြီး အရေအတွက်များများ ပျံတက်နိုင်ပါတယ်။ သို့ပေမယ့် အဘယ့်ကြောင့် လေယာဉ်တင်သင်္ဘော Kuznetsov ကိုစေလွှတ်တာကိုတော့ စဉ်းစားစရာပါ။ သေချာတာကတော့ Kuznetsov မှလေယာဉ်များပျံတက်မည်ဆိုရင်တော့ လေယာဉ်များဟာ သေချာပေါက် ဆီနှင့်ဝန်ကို လျှော့ချပြီးမှ ပျံတက်ရမှာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် Kuznetsov တွင် လေယာဉ်ပျံတပ်ရန် ၀ါ ပစ်လွှတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောများတွင်အသုံးပြုသော catapult လို့ ခေါ်သည့် pressure စနစ်သုံးပစ်လွှတ်စင်မပါရှိဘဲ ရိုးရိုး ski-jump လျှောစောင်းသာ ပါဝင်သောကြောင့် ဖြစ်ပါတယ်။
မစ်ရှင်အတွင်းမှာလည်း MiG-29KR နှင့် Su-33 နှစ်စင်းဟာ လေယာဉ်ဆင်းသက်စဉ်အသုံးပြုတဲ့ ကြိုးစနစ် ပျက်သွားတဲ့အတွက် လေယာဉ်တင်သင်္ဘောပေါ်မှပျက်ကျခဲ့ပါသေးတယ်။ အဲဒီ့နောက်ပိုင်းမှာတော့ လေယာဉ် တင်သင်္ဘောမှ flight operation များပြုလုပ်ရန်ပြသနာများရှိလာတဲ့အတွက်ကြောင့် ရုရှားနိုင်ငံ ဟာ သူတို့ရဲ့ လေယာဉ်တင်သင်္ဘောမှလေယာဉ်များကို Khmeimim ရှိဆီရီးယားလေတပ်စခန်းသို့ရွှေ့ပြောင်း ခဲ့ရပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ရုရှားအနေဖြင့် Kuznetsov လေယာဉ်တင်သင်္ဘောအပေါ်တွင် ဘတ်ဂျက်သုံးစွဲ နေသည်မှာ နိုင်ငံရေးနှင့် နိုင်ငံ၏ ဂုဏ်တစ်ခုအနေဖြင့်သာ အသုံးပြုနေသလားဆိုတာ မေးခွန်းထုတ်စရာပါ။
Kuznetsov ကိုအဆင့်မြှင့်တင်ဖို့ အနည်းဆုံး ၂၀၂၀ အထိအချိန်ယူရမှာဖြစ်ပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၇၁၃ လောက်ကုန်ကျနိုင်မည်လို့ TASS Media ကပြောပါတယ်။ ဒါဟာ အမေရိကန်တို့၏ Gerald R. Ford class လေယာဉ်တင်သင်္ဘော၏တန်ဖိုး ဒေါ်လာ ၁၃ ဘီလီယံနှင့်ယှဉ်လျှင် များစွာ အကုန်အကျနည်းနေသော် လည်း ရုရှားတို့အဖို့ များပြားလှရင်းနှီးမြှပ်နှံမှုဖြစ်ပါတယ်။
ယခုဆီးရီးယား မစ်ရှင်မှ ရုရှားလေယာဉ်မှူးများမှာ သေချာပေါက်တန်ဖိုးရှိတဲ့သင်ခန်းစာတွေရရှိခဲ့မှာဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့အနေဖြင့် Kuznetsov လေယာဉ်တင်သင်္ဘောတွင် ပိုမိုခတ်မှီပြီး အဆင့်မြင့်လာမယ့် နည်းပညာများကို သေချာပေါက်တွေ့ရှိလာတော့မှာဖြစ်ပါတယ်ခင်ဗျာ။

http://warhistoriesandweapons.over-blog.com/2017/04/.html

Ref: Nationalinterest

No comments:

Powered by Blogger.