အပျိုကြီးနဲ့များ ကြိုက်မိလျှင်........

မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့…

- အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…

- အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်…

- အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီးလို့ သတ်မှတ်လိုက်ကြပါပြီ…။

ပြီးတော့ ရှိပါသေးတယ်…၊

- အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်…၊

(စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်…)

- အသက်(၂၀)ကနေ (၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်…၊

(တည်ငြိမ်လာတယ်… တိုးတက်နေတယ်… အိနြေ္ဒရှိတယ်… သိမ်မွေ့တယ်… )

- အသက်(၃၀)ကနေ (၄၀) အတွင်းကတော့ အမေရိကားနဲ့တူတယ်…၊

(အတတ်ပညာနဲ့ ပြည့်စုံတယ်…)

- အသက်(၄၀)ကနေ (၅၀)အတွင်းကတော့ ဥရောပနဲ့တူတယ်…၊

(နှစ်လိုဖွယ်ရာ သိပ်မရှိတော့ဘူး… ဟန်ပဲရှိတော့တယ်…)

- နောက်ဆုံး အသက်(၅၀)ကျော်သွားရင်တော့ ဆိုက်ဘေးရီးယားနဲ့တူတယ်…၊

(၄င်းရှိတာကို သိပေမယ့်လည်း… ဘယ်သူမှ မသွားချင်ကြဘူး…).....။ ။။ ။။။။။။။။.....။။။

မိန်းကလေးများဟာ… အသက်(၂၅)နားနီးလာပြီဆိုရင်…

အသက်(၂၅)ကိုဖြတ်ကျော်ပြီဆိုရင်… အပျိုကြီးလုပ်ဖို့ ရည်ရွယ်သည်ဖြစ်စေ…မရည်ရွယ်ဘူးဖြစ်စေ…

"အပျိုကြီး" လို့ ခေါ်တာကိုတော့ လုံးဝမကြိုက်ကြပါဘူး…။

တစ်စုံတစ်ယောက်က ခေါ်လိုက်မိတဲ့အခါ ပြန်ပြောလေ့ရှိတဲ့စကားတွေကတော့…၊

- "ငါ အသက်မကြီးသေးဘူး ထင်တာပဲ…" (မှန်ကြည့်ပြီး ပြောတတ်သောစကား…)

- "ငါက တော်လို့ ငါ့ကို ကြောက်ပြီး… ဘယ်သူမှ… မလိုက်ရဲတာ…"

- "ပုရိသတွေကို ကြွေအောင်လုပ်ဖို့… ရူပါမလိုပါဘူး… ဗျူဟာပဲလိုတယ်…"

- "မလိုချင်လို့ပါ… လိုချင်ရင် ခေါင်းခေါက်ပြီးတောင် ယူလို့ရတယ်…"

စသည်ဖြင့်ပေါ့…၊။

နောက်တစ်ခုက အပျိုကြီးများ စွံတဲ့အခါ ဖြစ်လေ့ရှိတာတွေက…

-သူမတို့ရဲ့ ရည်းစားကို အရမ်းချစ်မြတ်နိုးကြပါတယ်…။

(လသားကလေးလက်ထဲကို အရုပ်ကလေးထည့်ထားပြီး ပြန်ယူတဲ့အခါ

လုံးဝလွှတ်မပေးတော့ပဲ အတင်းအကျပ်ကိုင်ထား သလိုမျိုးပါ…)

-သဝန်လည်း အင်မတန်တိုတတ်ပါတယ်…။

-သူမတို့ရဲ့ ရည်းစားကို အခြားလူများက အကူအညီတောင်းမိရင် အင်တင်တင်နဲ့

သဘောမတူသလို လုပ်တတ်ပါသေးတယ်…။

ကဲပါ...မိတ်ဆွေ… အပျိုကြီးနဲ့များ ကြိုက်မိလျှင်တော့ သင်သတိထားလော့…။ ဟိဟိဟိ..........

ရီမောပျော်ရွှင်ကြပါစေ
ကိုလုံ

No comments:

Powered by Blogger.