ကင်ဆာရောဂါသည် ကောင်မလေး မသေခင် ပရဟိတလုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည်
အူမကြီးကင်ဆာဆိုတာ အသက်ကြီးတဲ့လူတွေမှာသာ ဖြစ်ပွားလေ့ရှိတဲ့ ရောဂါဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် 90% သော အူမကြီးကင်ဆာ ရောဂါသည်တွေဟာ အသက် 50 ထက် ပိုကြီးကြသူတွေ ဖြစ်ပြီး၊ အမေရိကန်မှာတော့ 72 နှစ် နောက်ပိုင်း အသက်အရွယ်အိုမင်းသူတွေမှာ အဖြစ်များလေ့ရှိတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။ ထိုရလာဒ်တွေထဲမှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ရောဂါခံစားရမှု ပိုများတယ်လို့ သိရပါတယ်။
ငယ်စဉ်က မိခင်နှင့်အတူ ဒါပေမယ့် ရောဂါဆိုတာ ရောဂါသာလျှင် ဖြစ်ခြင်းကြောင့် မည်သူမဆို မည်သည့်အသက်အရွယ်မျိုးမှာပင် ဖြစ်ဖြစ် ရောဂါ ခံစားရနိုင်ပါတယ်။ အသက်ငယ်သေးတယ်ဆိုပြီး ကံသေကံမ ပြောလို့မရပါဘူး။ အခုလည်း အသက် 19 နှစ်အရွယ် Megan Pryde ဆိုတဲ့ မိန်းမပျိုလေးဟာ သူမ အသက် 18 နှစ်အရွယ်ကတည်းက အူမကြီးကင်ဆာ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ယခင် သူမဟာ ၀မ်းဗိုက်နာကျင်မှု ပြင်းထန်လွန်းလို့ ဆိုဖာခုံပေါ်မှာ လဲကျခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဆရာဝန်ဆီမှာ သွာ
ပြတော့လည်း သာမန် အူအတက်ယောင်ရမ်းခြင်းလို့ ယူဆပြီး၊ ဆေးပေးကာ ပြန်လွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ခဏသက်သာ သွားလိုက် ပြန်ဖြစ်လိုက်၊ ဆေးခန်းပြေးလိုက်နဲ့ လုံးချာလည်နေခဲ့ပါတယ်။2016 ခုနှစ် ဇန်န၀ါရီလမှာတာ့ Megan ဟာ ထုံးစံအတိုင်း ၀မ်းဗိုက်မခံရပ်နိုင်အောင် ထိုးအောင့်ခဲ့လို့ လဲကျခဲ့ပြန်ပါတယ်။ Cumberland Infirmary မှာတည်ရှိတဲ့ A&E ကို သွားရောက်စစ်ဆေးမှု ခံယူတဲ့အခါမှာ ၀မ်းနည်းဖွယ်ရာ သတင်းကို ကြားသိခဲ့ရပါတယ်။ CT နဲ့ MRI စစ်ဆေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရပြီး အူမကြီး ကင်ဆာလို့ အဖြေထွက်ပေါ်ခဲ့ပါတယ်။
Megan ဟာ ကင်ဆာခုခံကာကွယ်ဆေး 23 ကြိမ်အထိ သွင်းထားရပြီး ဘ၀ကို အရှုံးမပေးဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ရင်ဆိုင်ခဲ့
ပါတယ်။ သူမက ” ရောဂါရှိတယ်ဆိုတာ သိတော့ မိသားစုဝင်တွေရော ကျမရော နီးစပ်သူတွေရော စိတ်မကောင်းဘူးပေါ့ … နှစ်တစ်နှစ်က ဘာမှအခက်အခဲမရှိ ကုန်ဆုံးခဲ့ပေမယ့် ကျွန်မအတွက်တော့ ထိတ်လန့်စရာပါဘဲ “လို့ ဖွင့်ဟပါတယ်။ဒါပေမယ့် သူမဟာ ကြိုးစားပြီးရှင်သန်မယ်ဆိုတဲ့ စိတ်ကူးနဲ့ NVQ Level 3 course ကုသမှုကိုလည်း နှစ်နှစ်ကြာလွန် အောင်မြင်စွာ မြောက်နိုင်ခဲ့ပါတယ်။ Teenage Cancer Trust အသင်းမှာ ဦးဆောင်ဦးရွက် ပြုခဲ့ပြီး၊ Teenage Cancer Trust လှုပ်ရှားမှုမှာလည်း သူမရဲ့ ဘ၀အတွေ့အကြုံတွေကို အများပြည်သူ သိအောင် ဆွေးနွေးနိုင်ခဲ့ပါတယ်။
ဖခင် Mike ကလည်း မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ မြို့တော်မာရသွန်ပွဲမှာ Teenage Cancer Trust ရံပုံငွေအတွက် ပါဝင်လှုပ်ရှားပေးခဲ့ပါတယ်။ အခုအချိန်မှာ Teenage Cancer Trust ရံပုံငွေဟာ အစမတန် မြင့်တက်လာပြီဖြစ်သလို၊ သူမအတွက် ကမ္ဘာအရပ်ရပ်ကနေ လှူဒါန်းတဲ့ ထောက်ပံ့စာရိတ်တွေကိုတောင်ပြန်လည် လှူဒါန်ထားနိုင်တဲ့ အဆင့်ကို ရောက်နေခဲ့ပါတယ်။
Teenage Cancer Trust ရံပုံငွေ Page မှာ ရာထားချက် ပေါင် 5000 ကို ကျော်လွန်ပြီး၊ ပေါင် 11034 အထိ ရရှိကာ အများပြည်သူရဲ့ ၀န်းရံမှုကိုရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ကျန်းကျန်းမာမာရှိနေတဲ့ Megan ဟာ မသေခင်အထိတော့ ဘ၀တူကင်ဆာရောဂါသည်တွေအတွက် ဆက်လက်လှုပ်ရှားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
နတ်စည်တော် (Shwemom)
source : thesun.co.uk

No comments: