လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက အတိအကျ ကြိုတင်ခန့် မှန်းခဲ့တဲ့ ဘီလ်ဂိတ်စ် ရဲ့ ဟောကိန်း ၁၅ ခု
ဥာဏ်ကြီးရှင်များရဲ့ စိတ်ကူးနဲ့ အမြင်များဟာ သာမန်လူတို့ မြင်နိုင်စွမ်းရဲ့ ဟိုးဘက်အထိ ဖြန့် ကျက် ဆန့် ထုတ်နိုင်တယ်လို့ ဆိုရမှာပါ။ Microsoft ကို စတင်တည်ထောင်သူ ဘီလ်ဂိတ်စ်ဟာ အင်တာနက်များ ရေပန်းစားတော့မယ့် ခေတ်ကို ကြိုတင် သိမြင်ခဲ့ပါတယ်။
(၈) တိုက်ရိုက်အားကစား သုံးသပ်ပေးမယ့် ဝက်ဘ်ဆိုက်များ
နာမည်ကြီး ESPN လို အားကစားဝက်ဘ်ဆိုက်တွေဟာ ပွဲချိန်နဲ့ တစ်ပြေးညီ မှတ်ချက်များ သုံးသပ်ချက်များပေးနေပြီ ဖြစ်ပါတယ်။
“တယ်လီဗေးရှင်းပေါ်ကနေ အားကစားပြိုင်ပွဲတွေကို ကြည့်ရင်း တိုက်ရိုက်ဆွေးနွေး သုံးသပ်နိုင်မယ့် ဝန်ဆောင်မှုများကနေ ကိုယ့်သဘောထားကို မဲပေးနိုင်မှာ ဖြစ်ပါတယ်။”
(၉) စမတ်ကြော်ငြာခြင်းများ
“နောက်ပိုင်း ထုတ်ကုန်တွေမှာ စမတ်နည်းပညာနဲ့ ကြော်ငြာလာပါလိမ့်မယ်။ ဒီကြော်ငြာစနစ်ဟာ ဝယ်ယူတဲ့ပုံစံအထာများကို သိနိုင်ပြီး ဝယ်ယူသူများအကြိုက် ကြော်ငြာတွေ တင်ဆက်ပေးသွားမှာပါ။”
အွန်လိုင်းကြော်ငြာအများစုမှာ ဝယ်ယူသူရဲ့မှတ်တမ်းတွေထဲမှာ ပါတဲ့ ဝယ်သူရဲ့ စိတ်ဝင်စားမှု နဲ့ ဝယ်ယူတဲ့ ပုံစံကို ကလစ်နှိပ်ပြီး ဝယ်သူကို ပစ်မှတ်ထားတဲ့ feature များ ထည့်သုံးလာပါတယ်။
(၁၀) တိုက်ရိုက်တီဗွီကြည့်ရင် ဝက်ဘ်ဆိုက်ဆီ လင့်ခ်တွေနဲ့  ချိတ်ဆက်ခြင်း
တိုက်ရိုက်အားကစားပြိုင်ပွဲတွေတိုင်းလိုလိုမှာ သီးခြားဝက်ဘ်ဆိုက်တစ်ခုဆီ သွားလို့ ရအောင် ကြော်ငြာလင့်ခ်တွေ ထည့်လာပါတယ်။ ဒါမျိုးကိုလည်း ဘီလ်ဂိတ်စ်က ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။
“တီဗွီလိုင်းတစ်ခုတည်းမှာမှ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်လင့်ခ်တွေဆီသွားလို့ ရအောင် လင့်ခ်တွေ ထည့်လာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
(၁၁) အွန်လိုင်း ဆွေးနွေးခန်းများ
“နိုင်ငံအသီးသီး မြို့ ရွာ အနှံ့ က လူတွေဟာ အင်တာနက်ပေါ်ကနေ သက်ဆိုင်ရာ ဒေသတွင်းနိုင်ငံရေး ၊ မြို့ ပြစီမံကိန်းရေးဆွဲရေး တို့ ဘေးကင်းလုံခြုံရေး အကြောင်းတို့ ကို ဆွေးနွေးနိုင်မှာပါ။”
ဒီနေ့ ချိန်မှာ နိုင်ငံရေးအကြောင်း ဖိုရမ်တွေကို အင်တာနက်ပေါ်ကနေပဲ တိုက်ရိုက်ဆွေးနွေး အကြံပြုလာပါတယ်။
(၁၂) အင်တာနက်ပေါ်က အွန်လိုင်းဝက်ဘ်ဆိုက်များ
ကိုယ်စိတ်ဝင်စားရာ အားသန်တဲ့ အတိုင်း အွန်လိုင်း လူ့ အဖွဲ့ အစည်းတွေ တည်ထောင်ကြပါလိမ့်မယ်လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။ ဘီလ်ဂိတ်စ် ခန့် မှန်းခဲ့တဲ့အတိုင်း သူ့ အကြောင်းအရာ ၊ သူ့ ကဏ္ဍနဲ့ သူ သတ်သတ်မှတ်မှတ် သီးသန့် တည်ထောင်လာတဲ့ ဝက်ဘ်ဆိုက်တွေကို ကျွန်တော်တို့ တွေ့ မြင်နေရပါပြီ။
(၁၃) အလုပ်ခွင်စီမံခန့် ခွဲရေးဆော့ဖ်ဝဲလ်များ
အလုပ်ခန့် အပ်ခြင်း ၊ အဖွဲ့ များ ဖွဲ့ စည်းတည်ထောင်ခြင်းနဲ့ အလုပ်တာဝန်ခွဲဝေခြင်းစတဲ့ ပရောဂျက်စီမံခန့် ခွဲရေး နဲ့ သက်ဆိုင်တဲ့ ဆော့ဖ်ဝဲလ်များ ပေါ်ပေါက် လာမယ့်အကြောင်းကိုလည်း ဘီလ်ဂိတ်စ်က ခန့် မှန်းခဲ့ပါတယ်။
(၁၄) အွန်လိုင်းအလုပ်ရှာဖွေရေး ဝက်ဘ်ဆိုက်များ
ကမ္ဘာကျော် အလုပ်ခေါ် ဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်တဲ့ LinkedIn လိုမျိုး အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်များကနေ လုပ်ငန်းလိုအပ်ချက်နဲ့ ကိုယ်ညီတဲ့ ဝန်ထမ်းများကို ခန့် အပ်မယ့် အကြောင်းနဲ့ ပတ်သတ်ပြီးလည်း ဘီလ်ဂိတ်စ်က အခုလို ပြောခဲ့ပါတယ်။
“အလုပ်ရှာနေတဲ့ သူတွေအနေနဲ့ လည်း ကိုယ့်စိတ်ဝင်စားတဲ့ နယ်ပယ် ၊ လုပ်ချင်တဲ့အလုပ်နဲ့ ကျွမ်းကျင်တဲ့အရည်အချင်းကို တင်ပြပြီး အလုပ်ရှာဖွေနိုင်မယ့် အခွင့်အလမ်းတွေ ပေါ်ပေါက်လာမှာပါ။”
(၁၅) စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲလ်
enterprise ဆော့ဖ်ဝဲလ်များဟာ ကိုယ်လုပ်နေတဲ့ လုပ်ငန်းအကြောင်း လူများများံ ရောက်ပြီး လုပ်ငန်းကြီးလုပ်ဖို့ အတွက် အချင်းချင်း စကားပါ ပြောနိုင်တဲ့ လူမှုမီဒီယာအက်ပလီကေးရှင်းတစ်ခုလို ဦးတည် ထုတ်လုပ်လာပါတယ်။ ဒီလို ဆော့ဖ်ဝဲလ်တွေ ပေါ်ပေါက်လာမှာကိုလည်း ဘီလ်ဂိတ်စ်က ကြိုတင်ခန့် မှန်းခဲ့ပါတယ်။
Credit: Duwun

No comments: