မိုဘိုင်းဖုန်းနဲ့ အွန်လိုင်းအပြာရုပ်ရှင်ကြည့်ရှုနှုန်း အမျိုးသားထက် အမျိုးသမီးတွေ ပိုများဟု လေ့လာမှုကအခိုင်အမာဆို
အွန်လိုင်းညစ်ညမ်းရှပ်ရှင် အများဆုံးကြည့်ရှုသူတွေဟာ အမျိုးသားတွေဖြစ်နေသေးချိန်က ၄ပုံ ၁ပုံဟာ အမျိုးသမီးတွေက ကြည့်ရှုတာဖြစ်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ အခုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် မိုဘိုင်းလ်ဖုန်းကနေ အပြာရှပ်ရှင်ဇာတ်ကား ပိုမိုကြည့်ရှုနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်အသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။
လတ်တလောမှာ ကမ္ဘာတစ်ဝှမ်း porn site ဝင်ရောက်ကြည့်ရှုမှု ၇၂% ဝန်းကျင်က စမတ်ဖုန်းနဲ့ တက်ဘလက်ကတဆင့် ဖြစ်ပြီး ကျန် ၂၈% က desktop ကဆင့်ကြည့်ရှုတာလို့ ဆိုပါတယ်။ ဒီမိုဘိုင်းလ်ပစ္စည်းသုံးစွဲမှုက အမျိုးသားထက် အမျိုးသမီးတွေ ပိုများနေပါတယ်။ အမျိုးသမီးတွေဆီက ဝင်ရောက်ကြည့်ရှုမှု ၈၀% နီးပါးဟာ မိုဘိုင်းလ်ကိရိယာကနေတဆင့် ဖြစ်ပြီး အမျိုးသားတွေက ၆၉% ရှိပါတယ်။
ယူကေနိုင်ငံမှာတော့ မိုဘိုင်းလ်ပစ္စည်းကိရိယာကတဆင့် အမျိုးသမီးတွေရဲ့ ကြည့်ရှုမှုက ၈၆% ဖြစ်ကာ အမျိုးသားများကြည့်ရှုမှုနှုန်းထက် အရေအတွက် ပိုလို့တောင် များနေပါတယ်။
အမျိုးသမီးများကို အသက်အုပ်စု ခွဲလိုက်တဲ့အခါ စမတ်ဖုန်းသုံးစွဲမှုအများဆုံးက အသက် ၁၈-၃၄ အရွယ်တွေလို့ သိရပါတယ်။
Credit :Trend Myanmar

No comments: