ရင်သား ကြီးကြောင်းကြွားပြီး သေးတဲ့သူတွေကို လူရာမဝင်ဘူးလို့ပြောလို့ ဝိုင်းဆဲခံရတဲ့မိန်းကလေး
Kiko လို့ အမည်ရတဲ့ မလေးရှားနိုင်ငံသူတစ်ယောက်ဟာ သူမရဲ့ အိုဗာဆိုဒ်ဇ်ရင်သားတွေကို အမြဲလိုလို ကြွားလုံးထုတ်ကာ ဂုဏ်ယူလေ့ရှိသူ ဖြစ်ပါတယ်။ ယခင်က သူနဲ့ လူမှုကွန်ယက် ပရိသတ်တွေဟာ ပလဲပနံသင့်ခဲ့ပေမယ့် သူမရဲ့ လက်လွတ်စပယ်နိုင်တဲ့ လှောင်ပြောင်စကားကြောင့် လူမှုကွန်ယက်ပေါ်မှာ အသည်းအသန် ဝေဖန်တိုက်ခိုက်ခံနေရပါတယ်။
Kiko ဟာ သူမရဲ့ လူမှုကွန်ယက်မှာ ” ရင်သား သေးသေးလေးနဲ့ အမျိုးသမီးတွေကတော့ လူရာမ၀င်ပါဘူး … ဒါပေမယ့် လိင်တံသေးငယ်တဲ့ အမျိုးသားတွေကျတော့ သေးလို့သေးမှန်း မသိသာဘူးလေ … ဘောင်းဘီနဲ့ ဖုံးထားလို့ ရတာကိုး ” လို့ လှောင်ပြောင်ခဲ့တာပါ။ ဒါပေမယ့် သူမက ဟာသသက်သက်သာ ရေးခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပေမယ့် ဘယ်သူကမှ ဟာသလို့ မမြင်ပါဘူး။
မှတ်ချက်ရေးတဲ့ အမျိုးသားတစ်ယောက်က ” ဘယ်လို သောက်တလွဲ အတွေးလဲဟ … မင်းက လိင်တံကြီးတဲ့ အမျိုးသား တွေ ဆို လူမြင်ကွင်းမှာ ပေါ်ပေါ်တင်တင် ဘောင်းဘီချွတ်သွားဖို့ တောင်းဆိုနေတာလား “လို့ ရေးသားခဲ့ပါတယ်။ အခြား တစ်ယောက်ကလည်း ” အမှန်က သူ့ပစ္စည်းကို ထင်ပေါ်စေချင်တာပါ … ဒါပေမယ့် တစ်ခြားလူကို ချိုးနှိမ်သလို ဖြစ်သွား တာတော့ ပညာရှိ မဆန်ပါဘူး”လို့ ရေးသားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Kiko ဟာ ဖြေရှင်းမှုတွေတောင် ပြန်မလုပ်နိုင်လောက်အောင် ဖြစ်သွားပါတယ်။ တစ်ချို့က သူရဲ့ မိတ်ကပ် သုံးပြီးပုံနဲ့ မိတ်ကပ်မသုံးရသေးတဲ့ ပုံကို နှိုင်းယှဉ်ပြပြီး၊ Kiko ရဲ့ အလှအပဟာ အတင်းအဓမ္မဖန်တီးထားတဲ့ အလှအပ အတုတွေသာ ဖြစ်တယ်လို့ တိုက်ခိုက်ကြတာမျိုးလည်း ရှိလာပါတယ်။
အခြားတစ်ယောက်ကတော့ Kiko ဟာ ထင်ပေါ်ကျော်ကြားလိုမှုကိုသာ သိပြီး၊ အင်တာနက်အသုံးပြုသူတွေရဲ့ အလစ်အ ငိုက် ချောင်းမြောင်းတိုက်ခိုက်မှုတွေကို လျှော့တွက်ထားသူဖြစ်ကြောင်း၊ တကယ် သူမ မျှော်လင့်မထားတာလည်း ကြုံလာ တော့ ရှက်စရာကောင်းတဲ့ တုန့်ပြန်မှုတွေကိုသာ မြင်တွေ့ခဲ့ရကြောင်း ရေးသားခဲ့ပါတယ်။
Credit: မဒီလေး (Shwemom)
source : thesun.co.uk

No comments: