ကျွန်တော်ညာသန်တစ်ယောက်ပါ

ကျုပ်က ညာသန်တစ်ယောက်ဖြစ်လို့
ညာနဲ့ဆွဲပြီး ညာနဲ့ပဲ အမြဲထုတယ်။
တစ်ခါတခါ အောက်ကထုပေးတာ ကောင်းလို့
ပြီးသွားတာရှိသလို ကိုယ့်ဘာသာ အဆွဲမှန်လို့ ပြီးခဲ့တာလည်း ရှိတာပဲ။
ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ဆုံဖြစ်ကြတိုင်း ကိုယ်ချည်းအရင်ဦးအောင် ပြီးချင်နေတာ အကျင့်ကိုပါလို့။
အဲဒီလို စိတ်ဆောင်တဲ့အတိုင်း ပထမအချီကို
ကိုယ်စပြီးခဲ့စေဦး တစ်ချီထဲနဲ့ အာသာပြေဖို့က ခက်တော့ဒုတိယအချီအတွက် အစပျိုးရပြန်တာလည်း ဓမ္မတာပဲမဟုတ်လား။
ဒါ့ကြောင့် သူ့ကို အသာကိုင်တွယ်ပြီး
ကျုပ်ရဲ့ အကျင့်အတိုင်းတစ်ခါတခါ အလယ်ကနေ ခွဲချင်လည်း ခွဲလိုက်တာပဲ။
အောက်ကလှန်ပြီး အပေါ်စီးကနေ ဖုတ်ဖက်ရိုက်အုပ်တဲ့အခါလည်း အုပ်ထည့်လိုက်တာပဲ။
ပြီးမှ လက်မလေးကို တံတွေးစွတ်ပြီး
တစ်ချက်ချင်း (တစ်ချပ်ချင်း) ဆွဲချလိုက်တာပေါ့။
အဲ.. သူ အပေးကောင်းရင်တော့ ကုန်းပီးတောင်နမ်းလိုက်သေး။
ဒါပေမယ့် ဖီးလ်ကောင်းနေတုန်း
မီးပျက်သွားပြီဆိုရင်တော့ စိတ်ပျက်ဖွယ် အတိပါပဲ။မီးလင်းနေရင်လည်း
တစ်ခြားလူ မြင်လို့မတင့်တဲ့
သူ့ရဲ့ အဖူးအပွင့်လေးကို
ကျုပ်ကိုယ်တိုင်က ခိုးခိုကြည့်နေကျကိုး။
အဲဒီလို ခိုးကြည့်နေတုန်း သူ့အောက်က
အရောင်ဟာ နီနီရဲရဲလေးလား
မည်းမည်းနက်နက်လေးလား ဆိုတာကိုသိဖို့
ဘယ်ဘက်လက်ခုပ်ထဲ ဖွဖွကလေးဆုပ်
ညာဘက်လက်မနဲ့ လက်ညှိုးကြားထဲ
ခပ်ပိပိလေးဖိပြီး ဘေးကို ပွတ်ချေပေး လိုက်တယ်။
အို.. အဲဒီ အရောင်အဆင်းကို ကြည့်ရတဲ့အချိန်ဟာ
တကယ့်အထွတ်အထိပ်ကို ရောက်ခါနီး မရိုးမရွဖြစ်ရတဲ့ အခိုက်အတန့်ပါပဲ။
သူ့ရဲ့အဓိကပုံသဏ္ဌန်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့အပေါ်ကို ဖြေးဖြေးချင်း ဆွဲတင်လိုက်တဲ့အခါထိပ်ကလေး ချွန်လာပြီဆိုရင်တော့ . . .
လုံးဝကိုသေချာပါပြီ .....
အနီရောင်ဆိုရင်
အဲဒါ " ထောင့်တစ်နဲ့ ဘိတ်တစ်"ဖြစ်ပြီး
မည်းမည်းလေးဆိုရင်တော့
" စပိတ်တစ်နဲ့ ညှင်းတစ်" ပဲပေါ့ လို့ ။
:-P :-P :-P
# Credit ငြိမ်းချမ်းကိုကို
ငပိန်းgroup

No comments:

Powered by Blogger.