အိမ်တံခါး လော့ကျလို့ ပြတင်းပေါက်ကနေ ဝင်ဖို့ ကြိုးစားတဲ့ တရုတ် အဘွားအို ကို ကယ်ဆယ်ခဲ့ရ

တရုတ်နိုင်ငံက အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ အိမ်အပြင် ပြတင်းပေါက်ဆီကို ကြိုးနဲ့ လျှောဆင်းဖို့ ကြိုးစားချိန် အပြင်မှာ တန်းလန်းဖြစ်နေတဲ့အတွက် မီးသတ်သမားတွေက ကယ်ဆယ်ခဲ့ရ ပါတယ်။
ဗုဒ္ဓဟူးနေ့က လျူကျိုးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ ကျားလို့အမည်ရတဲ့ အမျိုးသမီးဟာ ဒေသတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုက ငှားထားတဲ့ ကြိုးတချို့ကို ခါးမှာ ရစ်ပတ်ထားပြီး တွဲလောင်းဖြစ်နေတဲ့အတွက် မီးသတ်သမားတစ်ယောက်က သူ့ဆီကို လျှောဆင်းလာပုံကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားပါတယ်။
မီးသတ်သမားဟာ အဘွားရဲ့တိုက်ခန်းပြတင်းပေါက်ဆီ အဘွားကိုပြန်တက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။
အဘွားဟာ တိုက်ခန်းအပြင်ဘက်မှာ ရောက်နေချိန် လေပြင်းတိုက်လို့ တံခါးလော့ကျသွားပြီး တံခါးသော့ပြင်ဖို့ ပိုက်ဆံမရှိတဲ့အတွက် ကြိုးငှားပြီး ပြတင်းပေါက်ဆီကို လျှောဆင်းဖို့ ကြိုးစားတာလို့ ရဲကို ပြောပါတယ်။
သူ ကြိုးနဲ့ လျှောဆင်းချိန်မှာ သူ့တိုက်ခန်းပြတင်းပေါက်ကို ကျော်သွားပြီး အိမ်အပြင်ဘက် အဲကွန်းယူနစ်တစ်ခုပေါ် တင်နေတာလို့ ပြောပြပါတယ်။
အဘွားဟာ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။
စုပြည့်စုံ ref: UPI, Apr 22nd
Credit: Kumudra

No comments:

Powered by Blogger.