အမ်းမြို့ တွင် မှန်လုံယာဉ်တစ်စီး ပေ ၁၈၀ အနက်ရှိသည့် ချောက်အတွင်းသို့ ပြုတ်ကျမှု ဖြစ်ပွားပြီး လူခြောက်ဦး ဒဏ်ရာရ






ရခိုင်ပြည်နယ် အမ်းမြို့တွင် မှန်လုံယာဉ်တစ်စီး ပေ ၁၈၀ အနက်ရှိသည့် ချောက်အတွင်းသို့ ပြုတ်ကျမှု ဧပြီ ၂၇ ရက် နံနက် ၉ နာရီခန့် ဖြစ်ပွားခဲ့ပြီး လူခြောက်ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

 ချောက်ထဲ ပြုတ်ကျသွားသည့်ယာဉ်မှာ ယာဉ်မောင်း စိုးကျော်သူ မောင်းနှင်လာသည့် 2A/---- ဟွန်ဒိုင်း မှန်လုံယာဉ်ဖြစ်ပြီး အမ်းမြို့နယ် တောင်စောက်ကျေးရွာ မိုင်တိုင်အမှတ် ၇၆/၁ ဖာလုံ အရောက်တွင် ဘရိတ်ပေါက်ပြီး ပေ ၁၈၀ ခန့်ရှိ ချောက်အတွင်းသို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား အမ်းမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မီးငြိမ်းသတ်ယာဉ် တစ်စီး ထွက်ခွာကာ ဒဏ်ရာရရှိသူ ခြောက်ဦးအား ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ပြီး ဒဏ်ရာပြင်းထန်သူ သုံးဦးအား အမ်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo: Myanmar Fire Services Department

No comments:

Powered by Blogger.