နတ်ဝင်ပူးနေချိန် ဓါးပြီးကြောင်း စမ်းပြခဲ့သည့် နတ်ကတော်သေဆုံး
၂၄-၄-၂၀၁၇
ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ ချင်းမိုင်ခရိုင် စံကမ်ဖလ် မြို့ နယ်(၀န်ကြီးချုပ်ဟောင်း ယင်လပ် ဇာတိမြို့  )မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ လမ်းနား(မြို ဟာင်းနံမည်) နတ်ပွဲသဘင်ပေးနေချိန်မှာ နတ်ဆရာ တဦးဟာ နတ်ပူးနေရင်း မိမိကိုယ် ဓါးနဲ ပြန်ထိုးခဲ့မိလို အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။အသက်(၂၅)နှစ် သာရှိသေးတဲ့ ထက်ပရစ်ပါလီ Thepthirit Paliနတ်ကတော် ဟာရှေးဟောင်း ကိုယ်တော်ကြီး နတ်ဝင်လာပြီဆိုရင် တခိုးအစွမ်းတွေပြ လာပြီး "နတ်စွမ်းလို ပွဲတိုင်းကျော် လာခဲ့နော်" လမ်းနားတို ပြည် စတဲ့ နတ်ဒိုးသီချင်းတွေနဲ ကပါတယ်၊ ပြီးဆိုရင် ကိုယ်တော်ကြီးက ဓါးနဲ သူ့ ကိုယ်ကို အကြိမ်ကြိမ် ထိုးလိုက်ခုတ်လိုက်လုပ်ပြတာကို ပရိတ်သတ်တွေက အားပေးကြ ၊ဆုတော်ငွေတွေ ဆက်သနေကြတာပါ။
ခုလို နတ်ပွဲကို ကပြနေတာ ခြောက်နှစ်ရှိပြီဖြစ်ပါတယ်။
ဒီနှစ်နတ်ပွဲမှာတော့ ခါတိုင်းလို နတ်ဝင်ပူးနေရင်း ဓါးနဲ ရင်အုံကိုထိုးပြခဲ့ရာမှာ ဓါးကသူ့ ကိုယ်တွင်းကို တကယ်စိုက်ဝင်သွားခဲ့ပါတယ်၊ ကိုယ်တော်ကြီးကို ဓါးတန်းလန်းနဲ ဆေးရုံပို ခဲ့ကြပါသေးတယ်။

No comments: