အဓမ္မမှုဖြင့် အမှုဖွင့်စစ်ဆေးခံနေရသော မျိုးဇော်ထွေးအမှုတွင် သက်သေခံများ ဖျောက်ဖျက်မှုရှိနေဟုဆို

ပခုက္ကူမြို့နယ်တွင်ဖြစ် ပွားခဲ့သည့် အမျိုးသမီးများအား ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်မှု နှင့်ပတ်သက်၍ သက်သေခံ ဓာတ်ပုံနှင့်ကားများကို ဖျောက် ဖျက်မှုများရှိနေကြောင်း ကျူးလွန် ခံရသူ အမျိုးသမီးကပြောသည်။
‘‘ဒီလူကြီးကဘယ်ကောင်မ လေးနဲ့ပတ်သက်ခဲ့တယ်ဆိုတာ သူ့ဖုန်းနဲ့ကွန်ပျူတာထဲမှာပ
ုံတွေ အကုန်ရှိတယ်။ ရှိရက်နဲ့ရဲတွေက ဒီကွန်ပျူတာလည်းသိမ်းထားခြင်း မရှိဘူး။ ဒီဖုန်းနှစ်လုံးကိုလည်း သိမ်းထားတယ်လို့ပြောပြီးတော့မှ ဒီဖုန်းနှစ်လုံးလည်း လုံးဝလက်စ ဖျောက်ပြီး ဖုန်းအသစ်နဲ့ဖုန်းထဲမှာ ဘာမှမပါပါဘူးဆိုပြီးရဲတွေက ပြောတယ်’’ဟုကျူးလွန်ခံရသူအ မျိုးသမီးကပြောသည်။

အဆိုပါအမျိုးသမီးသည် ဧပြီ ၂၈ရက်ကရန်ကုန်မြို့ MJN ရုံးခန်းတွင်မျက်နှာကို Mask ဖုံး၍ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့သည်။ အဆိုပါသ တင်းစာရှင်းလင်းပွဲတွင် ၎င်းနှင့်အ တူမျိုးဇော်ထွေး၏အဓမ္မပြုကျင့် ကြံစည်ခြင်းခံရသူအမျိုးသမီးတစ် ဦးပါဝင်ခဲ့၍ ၎င်းကျူးလွန်ခံရမှု များကိုပြောကြားခဲ့သည်။

အဓမ္မပြုကျင့်ခံရသူအမျိုးသ မီးနှင့် ကျူးလွန်သူဟုစွပ်စွဲခံထားရ သူ မျိုးဇော်ထွေးတို့သည်လွန်ခဲ့ သည့် လေးလခန့်ကစတင်၍လူမှု ကွန်ရက် စာမျက်နှာမှတစ်ဆင့် သိရှိခဲ့ကာ ကျူးလွန်ခံရသူအမျိုး သမီး၏ မိတ်ဆွေတစ်ဦးဆေးရုံ တက်ရန်အကူအညီလိုအပ်သည့် ကိစ္စ နှင့်ပတ်သက်ပြီး စတင်ရင်း နှီးခဲ့ရာမှ အဓမ္မပြုကျင့်ခံခဲ့ရ ကြောင်း ၎င်းကဆက်လက် ရှင်းပြ သည်။

မျိုးဇော်ထွေးသည်တရားလို အမျိုးသမီးအားအဓမ္မပြုကျင့်ခဲ့၍ဓာတ်ပုံများရိုက်ကာ အဆိုပါ ဓာတ်ပုံများကို အမျိုးသမီးနေ ထိုင်ရာရွာသို့လာရောက်ဖြန့်မည် ဟု ခြိမ်းခြောက်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့အပြင် ပခုက္ကူရဲစခန်းတွင် ဧပြီ ၂၁ရက်၌အမှုဖွင့်တိုင်တန်း စဉ်က မျိုးဇော်ထွေးက၎င်းတို့မှာ လွန်ခဲ့သည့် လေးလခန့်ကခင်မင်ခဲ့သည်ဟုသာ ထွက်ဆိုခဲ့သော် လည်း ရဲစခန်း၏ကနဦးတိုင်တန်း ချက်တွင် သမီးရည်းစားဟု ရေး ထားသဖြင့် စစ်ချက်ပြင်ဆင်ရန် ပြောဆိုသည့်အခါ ပြင်ဆင်ပေးမှု မရှိသေးကြောင်း ၎င်းကဆို သည်။

‘‘အဲဒီလိုစစ်ချက်ပြင်ဖို့ကို လည်း ဆက်ကြိုးစားသွားမှာပါ။ စခန်းမှူးမရှိလို့ပြန်လာခဲ့ရတဲ့အ ခြေအနေပဲရှိသေးတယ်။ အမှုနဲ့ ပတ်သက်ပြီးလည်း ကျေနပ်မှုမရှိ ပါဘူး။ သူ့ရဲ့ဘက်ဂရောင်းကြီး မားတဲ့အတွက် ကျွန်မတို့ကသက် သေစုံစုံလင်လင်နဲ့ တင်ပြတာ တောင် ကျွန်မကသူ့ကိုနာမည် ဖျက်ချင်တဲ့အတွက် တမင်ကြံ စည်တိုင်တဲ့ပုံစံမျိုး ပြောတာမျိုး တွေလည်း ကြားနေရပါတယ်။ ကျွန်မလိုကျူးလွန်ခံရတဲ့ မိန်းက လေးတွေကိုလည်း လိုအပ်ရင် ချိတ်ဆက်ပြီး ဆက်လုပ်သွားမှာ ပါ’’ ဟု၎င်းကဆိုသည်။

မျိုးဇော်ထွေးစီးနင်းနေသည့် ပရဟိတကားကို ၎င်း၏နောက်ခံ အသိုင်းအဝိုင်းများက ဖျောက် ဖျက်ထား၍ ရဲစခန်းက အဆိုပါ ကားကို သိမ်းဆည်းထားခြင်းမရှိ ကြောင်း ကျူးလွန်ခံရသူအမျိုး သမီးကဆိုသည်။

အဓမ္မပြုကျင့်ခံရမှုနှင့်ပတ် သက်၍ ကျူးလွန်သူအား အမှု ဖွင့်ဖမ်းဆီးထားသည့် ပခုက္ကူမြို့မ ရဲစခန်းမှ စခန်းမှူးကျော်စိုးထံသို့ 7 Day Daily ကဧပြီ ၂၈ရက်တွင်အ ကြိမ်ကြိမ်ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါအဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူမျိုးဇော် ထွေးကိုပခုက္ကူမြို့မရဲစခန်းက ပုဒ်မ ၃၇၆ဖြင့်အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေသည်။

ပခုက္ကူမြို့သို့ မင်္ဂလာဆောင် လာသောအသက် (၂၈)နှစ်အ ရွယ်အမျိုးသမီးကိုလွန်ခဲ့သည့် လေး လခန့်ကသမီးရည်းစားဖြစ်ခဲ့ သော မျိုးဇော်ထွေးက ဧပြီ ၂၀ ရက်တွင် ရွှေချောင်းကျေးရွာရှိနေ အိမ်သို့ ခေါ်ဆောင်၍ အလိုမတူ ဘဲသားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည်။

ဧပြီ ၂၁ရက်က မျိုးဇော်ထွေး အပေါ့သွားနေစဉ် အမျိုးသမီး သည်ပခုက္ကူမြို့ရှိပရဟိတလူငယ် များထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သ ဖြင့် မဘသအဖွဲ့၊ ၈၈ မျိုးဆက် ငြိမ်း/ပွင့်၊ အမျိုးသားကွန်ရက်၊ ရဲတပ်ဖွဲ့ဝင်များစသည့် သက်သေ မျာဖြင့်သွား ရောက်စစ်ဆေးခဲ့ရာ နေအိမ်အတွင်း အမျိုးသမီးသည် ပိတ် လှောင်ခံထားရခြင်းမရှိဘဲမျိုး ဇော်ထွေးနှင့်အတူ တွေ့ရှိခဲ့ရ ကြောင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက် တွင်ဖော်ပြသည်။

7Day News Journal

No comments:

Powered by Blogger.