ဗြိတိန်မှာ ဖွင့်လှစ်သွားတော့မယ့် လိင်ဖျော်ဖြေရေးစက်ရုပ် ပြည့်တန်ဆာတန်း

ဆွဲဆောင်မှုအားကောင်းတဲ့ မိန်းကလေးတွေနဲ့ ပုံစံချင်းတူအောင် ဖန်တီးပေးထားတဲ့ စက်ရုပ်များရှိရာ Sex Robot ပြည့်တန်ဆာတန်းကို မကြာမှီကာလအတွင်း ဗြိတိန်နိုင်ငံမှာ ပထမဦးဆုံးအချိန်အဖြစ် စတင်ဖွင့်လှစ်ပေးသွားတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

 အဆိုပါ Sex Robot ပြည့်တန်ဆာတန်းကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကမ္ဘာ့ပထမဦးဆုံး Sex Robot ပြည့်တန်ဆာတန်း ဖွင့်လှစ်ပြီးနောက် သိပ်မကြာတော့ခင်မှာ ဗြိတိန်နိုင်ငံအတွင်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီပြည့်တန်ဆာတန်းဟာ ဗြိတိန်နိုင်ငံမှာ တရားဝင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဖောက်သည်များအနေနဲ့ အမျိုးသမီး ပြည့်တန်ဆာများနဲ့ ဆက်ဆံလို့မရရှိနိုင်တဲ့ ပုံစံအနေအထားများနဲ့ လိင်ဆက်ဆံနိုင်ဖို့အတွက် အကောင်းဆုံးစီစဉ်ပေးထားတယ်လို့ သိရပါတယ်။ စပိန်ကုမ္မဏီဖြစ်တဲ့ Lumidolls က သူတို့ကုမ္မဏီအနေနဲ့ ရင်းနှီးမြှပ်နှံသူကို ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း ၊ Sex Robot ကုမ္မဏီများစွာနဲ့လည်း လုပ်ငန်းပူးတွဲလုပ်ကိုင်ဖို့ သဘောတူညီမှုတွေ ရယူထားပြီးဖြစ်ကြောင်းနဲ့ ဗြိတိန်နိုင်ငံပြီးနောက် အခြားနိုင်ငံများမှာလည်း Sex Robot ပြည့်တန်ဆာတန်းတွေ ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်သွားမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

 Lumidolls ကုမ္မဏီအနေနဲ့ ဗြိတိန်နိုင်ငံမှာ လုပ်ငန်းမစတင်ခင် သူတို့ကုမ္မဏီရုံးစိုက်ရာ ဘာစီလိုနာမြို့မှာ စတင်ဖွင့်လှစ်ခဲ့ရာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် မြို့အတွင်း ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူတွေရဲ့ ခြိမ်းခြောက်စာများ ရောက်ရှိလာတာကြောင့် လုပ်ငန်းကို ရပ်ဆိုင်းပေးရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပေမယ့် Lumidolls ကုမ္မဏီကတော့ အမျိုးသားအနေနဲ့ လိင်ဖျော်ဖြေရေးစက်ရုပ်တွေနဲ့ လိင်ဆက်ဆံခြင်းဟာ တကယ့်မိန်းကလေးနဲ့ လိင်ဆက်ဆံမှာပါ အကျိုးသက်ရောက်စေနိုင်ပြီး စွမ်းဆောင်ရည်ပိုင်းတွေ တိုးမြှင့်လာစေနိုင်ပါတယ်လို့ တုန့်ပြန်ပြောဆိုထားခဲ့ပါတယ်ခင်ဗျာ။

VitamiN
#knowledge.thithtoolwin.com

No comments:

Powered by Blogger.