ပုံမှန်သမီးရည်းစားတွေလို စာအပြန်အလှန်ပေးပို့ရုံသက်သက်အတွက် တစ်နှစ်ကို ပေါင် ၁၀၀၀(မြန်မာငွေ ၁၀ သိန်းကျော်) ခန့်သုံးစွဲသူ

ဒီသတင်းလေးကို ဖတ်ပြီးတော့ အမြင်လေးတစ်ခုကိုပြောချင်လို့ ရေးဖြစ်သွားတာပါ။ ခေတ်ရဲ့ပြောင်းလဲလာမှုတွေက လူေ တွကို တကယ့်မေတ္တာစစ်ကို မခံစားတတ်တော့အောင် ပြောင်းလဲစေပြီလား။ အချစ်ဆိုတာကို အပ်ါယံခံစားရုံသက် သ က်အဖြစ်ပဲမြင်လာကြပြီး သံယောဇဉ်တွေ၊ အကြင်နာတွေနဲ့ စာနာစိတ်တွေကို ငွေနဲ့ပဲ ဖန်တီးပြီး လုပ်ယူလို့ရတယ်လို့ မြင်ကြတဲ့ ခေတ်မျိုးဖြစ်လာနေပြီလားဆိုတာကို တွေးမိပြီး သတင်းလေးကို ပြောပြပေးချင်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဆော့ဖ်ဝဲလ်ပညာရှင်ဟောင်းတစ်ဦးဖြစ်တဲ့ Ben ဆိုတဲ့ အမျိုးသားတစ်ယောက်က ရည်းစားေ ကာင်မလေး ကိုယ့်ကို စာတွေပို့သယောင်ခံစားဖို့သက်သက်အတွက် တစ်နှစ်ကို ပေါင် ၁၀၀၀ ကျော်သုံးလေ့ရှိတယ်လို့ ပြောပြခဲ့ပါတယ်။
Ben က သူ့ဆီကို ဓာတ်ပုံလေးတွေ၊ မက်ဆေ့ခ်ျတွေနဲ့ အီးမေးလ်တွေ ပို့ပေးဖို့အတွက် သူတစ်ခါမျှ စကားတောင် မပြော ဘူးတဲ့ အမျိုးသမီးတစ်ဦးကို တစ်လ ဒေါ်လာ ၁၀၀( ၈၁ ပေါင်)ပေးပြီး ငှားရမ်းထားပါတယ်။ မကောင်းတဲ့ ညစ်ညမ်းပုံတွေ၊ စာတွေ မဟုတ်သလို သူများမြင်အောင်၊ အထင်ကြီးအောင်လည်း မဟုတ်ဘဲ သူတစ်ယောက်တည်းတွေ့နိုင်တဲ့ ချစ်သူရ ည်းစားပတ်သက်မှုလို စာတွေ၊ ပုံလေးတွေ အပြန်အလှန်ပေးပို့ကြတာပဲ ဖြစ်ပါတယ်။
မနက်ပိုင်းဆိုရင် မောနင်းဘေဘီ ဆိုတဲ့ မက်ဆေ့ခ်ျလေးတွေ၊ ကောင်မလေးက အလုပ်ထဲမှာ ဘာတွေလုပ်နေတယ် ဆို တာမျိုးတွေ၊ ကောင်မလေးနေမကောင်းဘူးဆိုရင်လည်း သူခေါင်းကိုက်နေတယ်၊ ပါတီပွဲတစ်ခုခုသွားတော့မယ် ဆိုရင်လ ည်း မက်ဆေ့ခ်ျလေးပို့ပြီး အသိပေးတာမျိုးတွေ ဖြစ်ပါတယ်။ ဒါက ပုံမှန်ရည်းစားတွေလုပ်လေ့ရှိတဲ့ အရာမျိုးတွေပါ။ ဒါပေမဲ့ Ben ကတော့ အလုပ်အရမ်းရှုပ်တယ်လို့ ခံစားရတဲ့အတွက် သာမန်သမီးရည်းစားဘဝမျိုးကို ဆန္ဒမရှိပေမဲ့ ပုံမှန်ဖြစ်တယ် လို့ ခံစားရချင်တဲ့အတွက် ဒီလိုငှားရမ်းထားခြင်းဖြစ်ကြောင်းပြောပြပါတယ်။
နောက်ပြီးကောင်မလေးဘက်ကပဲ စာတွေပို့နေတဲ့ပုံစံမဟုတ်ဘဲ Ben ဘက်ကနေလည်း သူ့ဆီကို စာတွေ၊ အလုပ်ထဲ မှာ ကြုံရတဲ့ အကြောင်းအရာလေးတွေကိုလည်း ပြန်ပို့လေ့ရှိပါတယ်တဲ့။ ဒီလိုမျိုးလုပ်တာက အစပိုင်းမှာတော့ ထူးဆန်းသ လိုဖြစ်နေပေမဲ့ နောက်ပိုင်းမှာတော့ ပုံမှန်လိုပဲ ခံစားချက်ရှိတဲ့ လူတစ်ယောက်ပုံစံမျိုး လေးပဲ ခံစားရပါတယ်လို့ ပြောပြခဲ့ ပါတယ်။
Credit: TrendMyanmar

No comments:

Powered by Blogger.