ကမ္ဘာ့အကြီးဆုံး နူကလီးယားစွမ်းအင်သုံးရေငုတ်သဘောင်္ကို ထုတ်ဖော်ပြခဲ့တဲ့ ရုရှား

ရုရှားရေတပ်အကြီးအမှူးက Project 09852 ကို ဖော်ပြခဲ့ပြီး မော်စကိုဟာ ရေတပ်အင်အားကို ချဲ့ထွင်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။Project 09852 ဟာ ကမ္ဘာ့အကြီးဆုံး နူကလီးယား စွမ်းအင်သုံးရေငုပ်သဘောင်္ဖြစ်ပြီး ရုရှားနိုင်ငံဟာ ထိုရေငုတ်သဘောင်္ကို စတင်အသုံးပြုတော့မှာ ဖြစ်တယ် လို့သိရပါတယ်။

ရေငုတ်သဘောင်္ကို ဘယ်ဂိုရော့ ( Belgorod ) လို့အမည်ပေးထားပြီး မီတာ ၂၀၀ နီးပါးရှည်လျားပါတယ်။ဘယ်ဂိုရော့ကို အာတိတ် (မြောက်ဝင်ရိုးစွန်းဒေသ) ဒေသမှာ စူးစမ်းရှာဖွေမှုတွေ ပြုလုပ်ဖို့အတွက် အသုံးပြုသွားမယ် လို့ ရုရှားက ဆိုပါတယ်။
ဘယ်ဂိုရော့ ( Belgorod )ဟာ အမေရိကန်ရေတပ်ရဲ့ အကြီးဆုံး ရေငုတ်သဘောင်္ဖြစ်တဲ့ USS ပင်ဆယ်ဗေးနီးယားထပ် ၁၄ မီတာ ပိုပြီး ရှည်လျားပါတယ်။ယခင်က ကမ္ဘာ့အကြီးဆုံးဖြစ်ခဲ့တဲ့ ရုရှားပိုင်  Typhoon missile cruiser Project 94 ထက်လည်း ၁၁ မီတာ ခန့် ပိုမိုရှည်လျားတယ် လို့သိရပါတယ်။ဘယ်ဂိုရော့ ရေငုပ်သဘောင်္ကို လက်ရှိအချိန်မှာ မွမ်းမံနေပြီး ၂၀၁၈ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်တယ် လို့သိရပါတယ်။
အခုလို ကမ္ဘာ့အကြီးဆုံး ရေငုပ်သဘောင်္ကို ရုရှားက တည်ဆောက်လိုက်ခြင်းအားဖြင့် မြောက်ဝင်ရိုးစွန်းဒေသမှာ ရေနံကို အပြိုင်အဆိုင်ရှာဖွေနေတဲ့ ရုရှားနဲ့ အမေရိကန် ကြားက ပြိုင်ဆိုင်မှုဟာ ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။

ဘယ်ဂိုရော့မှာ မြေထု စမ်းသပ်နည်းဆိုင်ရာ နည်းစနစ်တွေပါဝင်မှာ ဖြစ်ပြီး မောင်းသူမဲ့ သဘောင်္တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် bathyscaphes လို့ခေါ်တဲ့ ရေငုတ်သဘောင်္ အငယ်စားလေးတွေပါ ပါဝင်လာမှာ ဖြစ်တယ် လို့ ရုရှား သတင်းစာ အိုက်ဗက်စတီးယား (Izvestia)  က ဖော်ပြခဲ့ပါတယ်။ရုရှားနိုင်ငံဟာ အာတိတ် (မြောက်ဝင်ရိုးစွန်းဒေသ) တစ်လျှောက်မှာ စစ်အင်အားများစွာ ချဲ့ထွင်နေပြီးစစ်ရေး အခြေစိုက်စခန်းများကိုလည်း တည်ဆောက်လျက်ရှိနေပါတယ်။ရေနံနဲ့ သဘာဝ ဓာတ်ငွေ့များစွာ ထွက်ရှိနိုင်တဲ့ နေရာဖြစ်တဲ့ မြောက်ဝင်ရိုးစွန်း ပိုင်နက်များကို ကာကွယ်ဖို့အတွက် စစ်အေးခေတ်က စစ်အခြေစိုက်စခန်းများကိုလည်း ယခု ပြန်လည်ဖွင့်လှစ်နေပါတယ်။

Arkar Hein (Shwemom)
Ref : Daily Star

No comments:

Powered by Blogger.