ကော့ကရိတ် မြဝတီ လမ်းသစ်လမ်း၌ Express ဇရပ်ကြီး တောင်ငူ မြဝတီယာဉ် ဘရိတ်ပေါက်၍ ချောက်ထဲကျရာ၌ ခရီးသည်အားလုံးနီပါး အသက်ဆုံးရှုံး၍ အသက်ရှင်သူများအချို့အား ကယ်ဆယ်လျှက်ရှိ ။ လိုက်လာသူများ၏ မိသားစုများ သိရှိစေရန် အမြန် Share ပေးပါ ။
#အရေးကြီးသတင်း
28.4.2017
10:45 AM
ကော့ကရိတ် မြဝတီ လမ်းသစ်လမ်း၌ Express ဇရပ်ကြီး တောင်ငူ မြဝတီယာဉ် ဘရိတ်ပေါက်၍ ချောက်ထဲကျရာ၌ ခရီးသည်အားလုံးနီပါး အသက်ဆုံးရှုံး၍ အသက်ရှင်သူများအချို့အား ကယ်ဆယ်လျှက်ရှိ ။
#နောက်ဆက်တွဲ
အာရှလမ်းတွင် ခရီးသည် ၅၀ ၀န်းကျင် လိုက်ပါလာသည့် ယာဉ်တစ်စီး ချောက်ထဲကျမှု ဖြစ်ပွားပြီး အားလုံးနီးပါး ဒဏ်ရာရကာ သေဆုံးသူများ ရှိနေ
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီ - ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းဆင်းတွင် ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီ ၃၀ ၀န်းကျင်က ဇရပ်ကြီး - တောင်ငူ - မြ၀တီ ပြေးဆွဲသော ခရီးသည် ၅၀ ၀န်းကျင် လိုက်ပါလာသည့် ယာဉ်တစ်စီး ချောက်ထဲထိုးကျမှု ဖြစ်ပွားပြီး ခရီးသည် အားလုံးနီးပါး ဒဏ်ရာရှိကာ သေဆုံးသူများလည်း ရှိနေကြောင်း ကနဦးသတင်းအရ သိရသည်။
အဆိုပါ ဖြစ်စဉ်အား မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့၊ မြ၀တီ လူမှုကယ်ဆယ်ရေးအသင်း၊ သင်္ကန်းညီနောင် လူမှုကယ်ဆယ်ရေးအသင်း၊ ကော့ကရိတ် လူမှုကယ်ဆယ်ရေးအသင်း၊ မြ၀တီ မီးသတ်တပ်ဖွဲ့နှင့် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများမှ ကူညီကယ်ဆယ်လျက် ရှိကြောင်း သိရသည်။
■ ရွှေသိန်း (မြ၀တီ)
#မြ၀တီကော့ကရိတ်အာရှလမ်းမကြီးယာဉ်တိမ်းမှောက်မှု၁၉ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၂၈ ရက်
ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည် ၁၉ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကျော်လင်းဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။
သေဆုံးသူ ၁၉ ဦးတွင် အမျိုးသား ၈ဦး၊ အမျိုးသမီး ၁၁ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန် ထိ ဒဏ်ရာရရှိသူ ၂၁ဦး မြဝတီပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ရဲအုပ်ကျော်လင်းဦးက “ကားပေါ်မှာက ယာဉ်မောင်းအပါအဝင် အယောက် ၄၀ ပါတယ်။ ယာဉ်မောင်းလည်း သေဆုံးသွားခဲ့တယ်။ လောလောဆယ် အနေအထားမှာတော့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကူညီကယ်ဆယ်ရေးကိုပဲ အဓိကထားပြီး ဆောင်ရွက်နေပါတယ်’’ ဟုပြောသည်။
ကရင်ပြည်နယ် ကော့ကရိတ်မှ မြ၀တီသို့အတက် ကွမ်းခြံကွေ့အဆင်းမှာ လမ်းချော်ထွက်ပြီး ပေ ၃၀၀ ဝန်းကျင်ရှိချောက်ထဲ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
By ရဲ ရင့် ထွန်း

No comments: