ကင်ဂျုံအန်ရဲ့ မြေအောက်စခန်းများကိုဖျက်ဆီးဖို့ ဒေါ်နယ်ထရန့် အသုံးပြုနိုင်တဲ့ MOP ဗုံး

ဧရာမ ထိုးဖောက်ရေး လက်နက် Massive Ordnance Penetrator(MOP) ဟာ ကတုတ်ကျင်းများကို ဖောက်ခွဲနိုင်တဲ့ နူကလီးယားအမျိုးအစား မဟုတ်တဲ့ ဗုံးတစ်လုံးဖြစ်ပါတယ်။ဗုံးရဲ့ အလေးချိန်ဟာ ၁၅ တန် ရှိပြီး ၂၀၀၄ ခုနှစ်က တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံနဲ့ အီရန်နိုင်ငံတို့ရဲ့ မြေအောက်ကတုတ်ကျင်းများကို ချေမှုန်းရန်အတွက် ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။၂၀၁၃ ခုနှစ်မှာ မြေအောက်ကတုတ်ကျင်းများကို ပိုပြီးထိရောက်စွာ ချေမှုန်းနိုင်ရန်အတွက် MOP ဗုံးကို မွမ်းမံခဲ့တယ် လို့ Wall Street ဂျာနယ်က ဖော်ပြခဲ့ပါတယ်။
၂၁ ပေရှိတဲ့ MOP ဗုံးကို အမေရိကန်လေတပ်မှာ ရေဒါနဲ့ ဖမ်းလို့မရတဲ့ နည်းပညာလေယာဉ် B-2 များနဲ့ တင်ဆောင်ကာ တိုက်ခိုက်နိုင်တယ် လို့သိရပါတယ်။MOP ဗုံးများကို တိုက်ပွဲအတွင်း တစ်ခါမှ အသုံးမပြုရသေးပေမဲ့ အမေရိကန်နိုင်ငံနဲ့ မြောက်ကိုရီးယား နိုင်ငံတို့အကြားတင်းမာမှုများက အခြေအနေကို ပြောင်းလဲသွားနိုင်စေတယ် လို့သိရပါတယ်။ ၁၉၆၀ ခုနှစ်ကတည်းက ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံဟာ မြေအောက် ကတုတ်ကျင်းပေါင်း ၈ ထောင်ကျော်ဆောက်လုပ်ထားတယ် လို့ထောက်လှမ်းရေး သတင်းများအရသိရပါတယ်။ယခုလ အစောပိုင်းမှာလည်း သမ္မတ ထရန့်ဟာ လေကြောင်း ဧရာမ ထိုးဖောက်ရေး လက်နက်ဖြစ်တဲ့ Massive Ordnance Air Blast (MOAB) (ဗုံးများ၏ မိခင်) ဟု အမည်ပြောင်ရထားတဲ့ GBU -43 ကို IS တို့အခြေစိုက်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အသုံးပြုခဲ့ပါတယ်။
ပေါက်ကွဲမှုဟာ အာဖဂန်နစ္စတန်နိုင်ငံ နာဂါဟာ ပြည်နယ် (Nangarhar) မှရှိတဲ့ IS တို့ရဲ့ မြေအောက် ကတုတ်ကျင်းများကို အကြီးအကျယ်ပျက်ဆီးစေခဲ့သလို မိုင်၂၀ အကွာ ပါကစ္စတန် နယ်စပ်က နေထိုင်သူတွေပါ ပေါက်ကွဲသံကို ကြားခဲ့ရတယ် လို့ဆိုပါတယ်။နာဂါဟာ ပြည်နယ်မှ ၉ မိုင်အကွာမှာ နေထိုင်သူ ဒေသခံတစ်ဦးကတော့ ” ကျွန်တော် အိပ်ပျော်နေတုန်း ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားခဲ့ရတယ်။ကျွန်တော်နားတွေ အူထွက်သွားတဲ့အထိ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုပါ။ကျွန်တော်အိမ်ကလည်း တုန်ခါနေတဲ့အတွက် အိမ်အပြင်ဘက်ထွက်လိုက်တဲ့အခါမှာ ကျွန်တော် မီးတောက်အကြီးကြီးကိုတွေ့ပြီး နာဂါဟာ တစ်ဝိုက် မီးလောင်နေတာကို တွေ့ခဲ့ရတယ် “ လို့ပြောကြားခဲ့ပါတယ်။
Ref : The Sun
Credit: Shwemom

No comments:

Powered by Blogger.