ဒူးနာသူများအတွက် ဆေးမြီးတိုများ




ဒူးနာ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝဆေးနည်းများကို
တောင်းဆိုလာသူများအတွက် ဒူးနာဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။ မိမိနဲ့အဆင်ပြေနိုင်မယ့်နည်းလမ်းကို ရွေးချယ်စမ်းသပ်နိုင်ကြပါတယ်။

(၁) ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်)

(၂) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။
ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။ (ကိုယ်တွေ့တစ်ဦး)

(၃) ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၄င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။ မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာပျောက်ကင်းစေမည်။ (Mg Naing)

(၄) ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။ (ဒို့မြန်မာဒေါ့ကွမ်း)

(၅) သင်္ဘောသီးကို ထိပ်ပိုင်းမှ ပိုင်းဖြတ်၊ ကြက်ဥထည့်၊ ပြန်ပိတ်၊ မီးဖိုနဲု့ဖုတ်၊ အထဲက ကြက်ဥကိုစား၊ သင်္ဘောသီးကို မစားရပါ။ ဒူး၊ ခါးတို့မှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ ပြန်လည်ပြည့်ဝအားကောင်းလာ၍ ဒူးနာပျောက်စေမည်။ (Credit မူရင်းရေးသူ)

(၆) သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၄င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အ၀တ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။ (စောနွဲ့ နေဆိုင်-ပူတာအို)

ဒူးနာဝေဒနာကို ခံစားနေသည့် မိတ်ဆွေများအားလုံး အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။
----------------------------------------

ကိုးကား - ကျန်းမာရေးဝက်ဆိုက်များ

No comments:

Powered by Blogger.