မျက်နှာပေါ်က အစိတ်အပိုင်းလေးတစ်ခု ပြင်လိုက်တဲ့ နန်းသီရိမောင်

အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် မော်ဒယ်တစ်ယောက်အဖြစ်လည်း လူသိများတဲ့ ဆယ်လီမလေးတစ်ယောက်ဖြစ်တဲ့ နန်းသီရိမောင်ကတော့ ဒီကနေ့မှာ ပရိသတ်တွေကို မေးခွန်းလေးတစ်ခု မေးလာပါတယ်။ နန်းသီရိမောင်ကတော့ “မျက်နာအပိုင်းလေးထဲက တခုခုပြင်ထားတယ် 😘😘😘ဘာပြင်ထားလဲ ကြည့်ကြည့် 🙈🖤အဖြေမှန် တဲ့သူ 😘” လို့ရေးထားပြီး ဓါတ်ပုံလေးတွေ တင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ နန်းသီရိမောင်ရဲ့ မျက်နှာမှာ ဘာကို ပြင်ထားလဲဆိုတာကို မျိုးစုံ ခန့်မှန်းခဲ့ကြပါတယ်။ နန်းသီရိမောင်ကတော့ “သွားပြင်ထားတာပါ အောင်မလေး အစိတွေအဆန်တွေ စုံသွားကြဒေ.. တလွဲတေ ဖြေဒေ..သွားဖြူဖြူ လေးတွေမမြင်ပုလားလို့စ် ဟင့်” လို့ရေးထားပြီး ပရိသတ်တွေကို ပြောပြထားပါတယ်။

သွားဖြူဖြူလေးတွေနဲ့ ယုံကြည်မှုရှိရှိလှနေတဲ့ နန်းသီရိမောင်ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ နန်းသီရိမောင်ကတော့ လတ်တလောမှာ ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

Source: Nang Thiri Maung





No comments:

Powered by Blogger.