ကြက်ကြော်ဆိုင်ရှေ့မှာ ကွေးနေအောင် ကခဲ့တဲ့ အိစိကွေး
ပရိသတ်ကြီးရေ Baby လေးတွေရဲ့ ဝန်းရံမှု့များစွာကို ရရှိထားတဲ့ အနုပညာရှင် အိစိကွေးတစ်ယောက် ဘေဘီလေးတွေရဲ့ အသည်းနှလုံးတွေကို ဗီဒီယိုလေးတစ်ခုနဲ့ ခွေလိုက်ပြန်ပါပြီနော်
အိစိကွေးတစ်ယောက် တေးသီချင်းများစွာကို သီဆိုမှု့အပိုင်းမှာသာမက ၊ သရုပ်ဆောင်မှု့အပိုင်းမှာ တော်ရုံတင်မဟုတ်ဘဲ အကလည်း တော်တယ်ဆိုတာကို ဒီဗီဒီယိုလေးနဲ့ သက်သေပြထားတာပဲ ဖြစ်ပါတယ်နော်
အခုတင်ပေးလာတဲ့ KFC သီချင်းနဲ့ အကဗီဒီယိုဖိုင်လေးကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလေးတုန်းကလည်း တင်ပေးထားခဲ့ဖူးပေမယ့် ထို ဗီဒီယိုလေးက သိပ်အဆင်မပြေတဲ့ အတွက် ထပ်မံတင်ပေးခဲ့တာပါ။ အခုတင်ပေးလာတဲ့ ဗီဒီယိုဖိုင်လေးထဲမှာဆိုရင်လည်း လုံးလုံးလေးနဲ့ ကနေတဲ့ အိစိကွေးနဲ့ ပုံစံလေးတွေက အရမ်းကို ချစ်ဖို့ကောင်းနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်နော်
Share From ဖိုးသူတော် (www.phothutaw.com)

No comments: