အမျိုးသားတစ်ယောက်လျှင် ရည်းစားတစ်ယောက်ထက်ပိုပြီးထားနိုင်တဲ့ တရုတ်ပြည်ကမြို့ကလေး

တရုတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဒေါင်ဂွမ်ဆိုသော မြို့ကလေးဟာ iPhone စက်ရုံတွေတည်ရှိတဲ့ စက်မှုမြို့လေးတစ်ခုပါ။ ဒီမြို့လေးရဲ့ ထူးခြားချက်တစ်ခုကတော့ အမျိုးသားနဲ့ အမျိုးသမီးအရေအတွက် မမျှတမှုပါပဲ။ မြို့ရဲ့လူဦးရေအရ အမျိုးသမီး ၁၀၀ မှာ အမျိုးသား ၈၉ ယောက်သာရှိတာမို့ အမျိုးသားအင်အားနည်းနေတဲ့ မြို့လေးပါ။ ဒီမြို့လေးမှာနေတဲ့ အမျိုးသားတွေရဲ့အဆိုအရတော့ အလုပ်ရှာရတာထက် မိန်းကလေးတစ်ယောက်ယောက်နဲ့ ချိန်းတွေ့ရတာက ပိုလွယ်တယ်လို့ ဆိုပါတယ်။
စက်ရုံအလုပ်သမားတစ်ဦးကဆို “ကျွန်တော်မှာ ရည်းစား ၃ ယောက်ရှိပါတယ်။ သူတို့တွေကလည်း ကျွန်တော်ရည်းစားတွေမှန်း အချင်းချင်းသိကြပါတယ်။ ကျွန်တော့်ရဲ့တခြား သူငယ်ချင်းတွေမှာလည်း ကျွန်တော်လိုပဲ ရည်းစားတွေအများကြီး ရှိကြတာပါပဲ” လို့ဆိုပါသေးတယ်။ ဒီမြို့မှာဆိုရင်တော့ ရည်းစားတစ်ယောက်ပဲရှိတဲ့သူဟာ ဂေါ်မစွံတဲ့လူအဖြစ် ဟားတတ်ကြပါသေးသတဲ့။ အမျိုးသမီးအခွင့်အရေးတောင်းဆိုသူများကတော့ ဒီအချက်ကိုသဘောမကျကြပဲ၊ အချို့သောမိန်းကလေးများမှာ မွေးရပ်ဇာတိတွေနဲ့ တခြားမြို့နယ်များသို့ ရွှေ့ပြောင်းကာ အိမ်ထောင်ဖက်ကို ရွေးချယ်ကြပါတယ်။
by အောင်ခန့်/momolay

No comments:

Powered by Blogger.