အမေရိကန်နဲ့ စစ်ဖြစ်ပါက အမျိုးသမီးစစ်သမီး(5)သိန်းကို ရှေ့တန်းပို့မယ့် ကင်ဂျုံအမ်

မြောက်ကိုးရီယားအာဏာရှင် ကင်ဂျုံအမ်ဟာ အမေရိကန်နဲ့ စစ်မက်ဖြစ်ပွားခဲ့ပါက ရှေ့တန်းစစ်မျက်နှာပြင်မှာ အမျိုးသမီး စစ်သူရဲ 5 သိန်းအထိ စေလွှတ်ဖို့ အဆင်သင့်ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ 85 ကြိမ်မြောက် မြောက်ကိုးရီယား တပ်မတော်နေ့မှာ အမျိုးသမီးစစ်သား တစ်သိန်းခန့် ပါဝင်စစ်ဆေးရေးပြခဲ့ပါတယ်။
မြောက်ကိုရီယားမှာ အမျိုးသမီးစစ်သား 1 သန်းကျော်ခန့် ရှိနိုင်ကြောင်း နိုင်ငံရွှေ့ပြောင်းခိုလှုံသူတစ်ချို့က ခန့်မှန်းခဲ့ကြ ပါတယ်။ အခုအခါမှာ မြောက်ကိုရီးယား အာဏာရှင်က ၎င်းတို့ကို ရှေ့တန်းထွက်ဖို့ အဆင်သင့်ပြင်ထားဖို့ အမိန့်ထုတ်
ထားတယ်လို့ မြောက်ကိုရီးယား သတင်းဌာနတွေက ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တင်းမာမှုဖြစ်ပြီးနောက်ပိုင်း ဒုံးကျည်စမ်းသပ်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ရာ၊ နှစ်ကြိမ်စလုံး မအောင်မြင်ခဲ့ပါဘူး။ နောက်ထပ်လည်း ဒုံးကျည်စမ်းသပ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ဦးမယ်လို့ ကင်ဂျုံအမ်က အတည်
ပြုခဲ့ပြီး၊ အမေရိကန်ကိုလည်း ခြိမ်းခြောက်ရုံပဲတက်နိုင်တဲ့ လူရမ်းကားအဖွဲ့လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ခန့်မှန်းတွက်ချက်မှုများအရ မြောက်ကိုရီးယားမှာ တိုက်ပွဲဝင်စစ်သား 1.2 သန်းအထိ ရှိနိုင်ကြောင်း တွက်ချက်ထားပြီး၊ အမျိုးသမီးစစ်သားကတော့ အမျိုးသားစစ်သားထက် 10% ခန့် ရောနည်းနိုင်ကြောင်း % အားဖြင့်တော့ 40% အထိ တိုးလာတယ်လို့ ယူဆရကြောင်း ခန့်မှန်းနေကြပါတယ်။
တောင်-မြောက်စစ်ပွဲဟာ 1953 ခုနှစ်က ဖြစ်ပွားခဲ့ပြီး၊ စစ်ကြီးပြီးဆုံးလို့ နှစ်ပေါင်း 60 ကျော်ကြာတဲ့အထိ နှစ်နိုင်ငံ တင်းမာမှုဟာ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ နှစ်နိုင်ငံလုံးကလည်း စစ်ဘက်ဆိုင်ရာ ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ မိတ်ဖွဲ့ ထားကြပြီး၊ ယင်းနှစ်နိုင်ငံ စစ်ပြန်လည်ဖြစ်ပေါ်ပါက တတိယကမ္ဘာစစ်လို့ သတ်မှတ်လို့ရတဲ့အထိ ပြင်းထန်မှာဖြစ်ကြောင်း၊ဒုတိယကမ္ဘာစစ်ထက်ပင် ထိခိုက်ပျက်ဆီးမှု ပိုများမည်ဟုခန့်မှန်းနေကြပါတယ်။
နတ်စည်တော်(Shwemom)
source : thesun.co.uk


No comments:

Powered by Blogger.