တံတားပေါ်က ခုန်ချမယ်ဆိုလို့ (2)နှစ်နာရီလောက် လူတွေက ၀ိုင်းထိန်းခဲ့ရသူ
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ Golders Green မှာတည်ရှိတဲ့ လမ်းဖြတ်လူကူးတံတားပေါ်ကနေ အမျိုးသားတစ်ယောက် ခုန်ချမယ်လို့ ခြိမ်းခြောက်ခဲ့လို့ လမ်းသွားလမ်းလာတွေက နှစ်နာရီနီးပါး ချုပ်နှောင်ထားရပါတယ်။ မကြာမီမှာ ရဲတွေ
ရောက်လာပြီး သူ့ကို တံတားဘောင်နံရံမှာ ကြိုးတွေနဲ့ တွဲချည်ထားရပါတယ်။
အခင်းဖြစ်ချိန်ဟာ ဒေသစံတော်ချိန် ငါးနာရီ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေရာ North Circular မှာ အချိန်ပိုင်း ပိတ်ဆို့မှု
ဖြစ်ပေါ်ခဲ့ပြီး ကြိုးနဲ့ အသေအချာချည်ခံထားရတဲ့ အမျိုးသားကို မီးသတ် Lifter ကားနဲ့ ဘေးကင်းရာကို ပြောင်းရွှေ့နိုင်ခဲ့ ပါတယ်။
အခင်းဖြစ်စဉ်ကို မြင်ခဲ့ရတဲ့ Nigel Howard က ” လူတွေကတော့ ဘာဆက်ဖြစ်မလဲ ကြည့်ချင်ကြတာပေါ့ … ဒါပေမယ့် ရဲတွေက တားမြစ်ခဲ့လို့ ခပ်ဝေးဝေးကနေပဲ လှမ်းကြည့်နေရပါတယ် “လို့ ပြောခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး ” အချိန် အကြာကြီး ပိတ်ဆို့ထားလို့ တစ်နေကုန်အလုပ်က ပြန်လာတဲ့သူတွေက မိသားစုဆီကို ပြန်ချင်ကြတာပေါ့ … ရဲတွေက ခွင့်မပြုခဲ့ပါဘူး “လို့ ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရတော့ သေကြောင်းကြံစည်ဖို့ ကြိုးစားတဲ့ အမျိုးသားဟာ စိတ်ကျနေသူ တစ်ယောက်ဖြစ်ပြီး၊ Mental Health Act ဌာနရဲ့ ထိန်းသိမ်းမှု အောက်မှာ ရှိနေကြောင်း၊ အခြား ထိခိုက်ပွန်းပဲ့ဒဏ်
ရာ မရခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ညီလင်းထက် (Shwemom)

No comments: