ဈေးသည်ဘ၀က တက်လာခဲ့ရတဲ့ မိမိဘ၀ကို မမေ့ပါဘူးဆိုတဲ့ ထိုင်းအလှမယ်
ထိုင်းနိုင်ငံ ဂုဏ်ဆောင်အလှမယ်လေး ဖြစ်တဲ့ Chalita Suansane ဟာ ငယ်ငယ်ကတည်းက ချို့တဲ့ခဲ့သူဖြစ်ပြီး၊ အောင်မြင်မှု ရဖို့ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားခဲ့ရသူ ဖြစ်ပါတယ်။ သူမဟာ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်မဖြစ်ခင် အချိန်ထိ အ၀တ်အစားနဲ့ အလှအပအသုံးဆောင်တွေကို သူများတွေလို ပေါပေါများများ မသုံးခဲ့ရပါဘူး။
အသက် 4 နှစ်အရွယ်ကတည်းက လမ်းဘေးမှာ ဆိုင်းထမ်းနဲ့ စားစရာသောက်စရာတွေ လှည့်လည် ရောင်းချခဲ့ရသူ ဖြစ် ပါတယ်။ သူမ အပျိုပေါက်ဘ၀ကို ရောက်ချိန်အထိတောင် တစ်ခြားကျောင်းသူတွေလို ရှိုးမထုတ်နိုင်ပဲ ဘ၀အတွက် ရုန်းကန်ခဲ့ရပါတယ်။ သူမ ဈေးရောင်းနေတဲ့ ပုံလေးနဲ့ မစ္စဖြစ်နေတဲ့ ပုံလေးကို ပူးတွဲဖော်ပြခဲ့ပါတယ်။
ဒါဟာ သူမ ဘ၀ကို လုံးဝမေ့သူမဟုတ်ကြောင်း၊ သက်သေပြရာရောက်ပြီး၊ ရိုးသားကြိုးစားတဲ့ Chalita ကို ထိုင်းလူမျိုး
တွေက ဂုဏ်ယူနေကြပါတယ်။ ဒီအကြောင်းကိုလည်း သူမက ဂုဏ်ယူဝင့်ကြွားစွာနဲ့ Facebook မှာ ရေးသားထားပြီး၊ သူမအနေနဲ့ လက်ဆက်ကြိုးစားမယ်ဆိုတဲ့ အကြောင်းကိုလည်း ကတိပေးထားပါတယ်။Chalita ဟာ Samut Prakan ဇာတိဖွားဖြစ်ပြီး၊ အသက် 22 နှစ်ရှိပါပြီ။ 2016 ခုနှစ် Miss Universe Thailand ဆုကြီးကို ပြိုင်ဘက် 85 ယောက်ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မယ်စကြ၀ဠာပြိုင်ပွဲ Miss Universe 2016 ကိုလည်း ထိုင်းနိုင်ငံ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
Miss Universe 2016 ပြိုင်ပွဲမှာ Chalita ဟာ ပရိသတ်မဲပေးမှုအများဆုံးသရဖူကို စောင်းနိုင်ခဲ့ပြီး၊ အဆင့် 6 နေရာမှာ ရပ်တည်ကာ နိုင်ငံဂုဏ်ကို ထပ်မံဆောင်နိုင်ခဲ့ပါတယ်။ ဒီ အဆင့် 6 ဟာ 1988 ခုနှစ်က ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းအလှမယ် Porntip Nakhirunkanok ပြီးရင် ဒုတိယမြောက် အမြင့်ဆုံး အောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
နတ်စည်တော် (Shwemom)

No comments: