ဆီဆိုင်မြို့နယ်တွင် မော်တော်ယာဉ် တစ်စီးတိမ်းမှောက် ၂ဦးသေဆုံး၊ ၁၄ဦးဒဏ်ရာရ
ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် လွယ်ဆံဆစ်ရွာအနီး မော်တော်ယာဉ် တစ်စီး တိမ်းမှောက်မှု ဧပြီလ ၂၃ရက်နေ့ ဒီမနက်(၉) နာရီခန့်က ဖြစ်ပွားကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ယာဉ်တိမ်းမှောက်ရာမှာ ကားပေါ်ပါလာသူ ကျား ၂ ဦး သေဆုံးသွားပြီး ၁၄ ဦးဒါဏ်ရာရရှိကြောင်းသိရပါတယ်။ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေပိတ်ဆို့မှုပြုလုပ်လျှက် ရှိကြောင်းလည်း သိရပါတယ်။ ဒါဏ်ရာရရှိသည့်လူနာများအား ဘန်းယဉ်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူလျှက် ရှိကြောင်း သိရပါတယ်။
Barmahti MgMg

No comments: