တောဆင်ရိုင်း နင်းခံရ၍ လူတစ်ဦး သေဆုံး
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တွင် ၂၂.၄.၂၀၁၇ ရက်နေ့ ဧပြီလ ၂၂ရက်နေ့ ဒီကနေ့ နံနက် ၈ နာရီ အချိန်ခန့် က တောင်ကလေးအုပ်စု ဆင်ဖူးကုန်းကျေးရွာ၏ အနောက်ဘက် (၅)ဖာလုံ ခန့်အကွာ ဆက်ထူ လူသွားတောလမ်းတွင် အမျိုးသား လူတစ်ဦး တောဆင်ရိုင်း အနင်းခံရ၍ သေဆုံးနေကြောင်း သိရပါသည်။ သတင်းအရ သက်သေများနှင့် အတူ သာပေါင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်လွင် ဦးဆောင်၍ တပ်ဖွဲ့ဝင် (၂၀) ဦးခန့်မှ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဦးသန်းဝင်း(၅၉)နှစ်ဖြစ်ပြီး ဦးခေါင်းပိပြားဒဏ်ရာ၊ ယာပေါင်ကွဲပြဲဒဏ်ရာ၊ နံရိုးများကျိုးသည့်ဒဏ်ရာ၊ နာခေါင်းနှင့် နားသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ ရှိရသည်။ အလောင်းအား သယ်ယူနိုင်ရေးအတွက် သာပေါင်းမြို့မရဲစခန်းမှ စခန်းမှူးပါ (၂၀) ဦး၊ ခမရ (၃၀၈)တပ်မှ အရာရှိတပ်ဖွဲ့ဝင်(၆)ဦး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ပါ (၆)ဦး ပူးပေါင်းအဖွဲ့တို့သည် အခင်းဖြစ်နေရာနှင့် ပါတ်ဝန်းကျင်အား တောဆင်းရိုင်းအန္တရယ်မပြုရေး လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့ပြီး သေဆုံးသူအား သာပေါင်းဆေးရုံသို့ သယ်ယူခဲ့ရသဖြင့် သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၇ ဖြင့် သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။သာပေါင်း ရဲစခန်းမှ အဆိုပါ ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်ပွားရာ ကျေးရွာနှင့်အနီးပါတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများ တောဆင်းရိုင်း အန္တရာယ် မပြုနိုင်ရေးအတွက် ကျေးရွာ ဘုန်းကြီးကျောင်းတွင် အခြေပြု ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သာပေါင်းမြို့ နယ် ရဲစခန်း၏ သတင်း ထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
သစ်ထူးလွင်




No comments: