တောင်ယာရှင်းလင်းတဲ့ ညီအစ်မသုံးဦး မိုင်းနင်းမိ

ရန်ကုန်၊ ဧပြီ ၂၀ – ညီအစ်မသုံးဦး တောင်ယာရှင်းလင်းရင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲပြီး တတိယတန်းအရွယ် မိန်းကလေး တစ်ဦး နေရာမှာတင် သေဆုံးမှု ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်မှာ ဖြစ်ပွားပါတယ်။
ညီအစ်မသုံးယောက်ဟာ ဧပြီလ ၁၉ ရက်နေ့ နေ့လယ် ၂းဝ၀ နာ ရီအချိန်ခန့်က တောင်ယာရှင်းလင်းရေးအတွက် သူတို့ပိုင်ဆိုင် တဲ့တောင်ယာထဲကိုသွားကြတာပါ။
မန်စီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ဦးက မိုင်းနင်းမိ တဲ့အတွက် သုံးတန်းမိန်းကလေးတစ်ယောက် သေဆုံးသွားတယ်၊ ဆယ်တန်းဖြေထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ တက္ကသိုလ် နောက်ဆုံးနှစ်တက်နေတဲ့ မိန်းကလေးတစ်ယောက်ကတော့ ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။
ဆယ်တန်းဖြေထားတဲ့ မိန်းကလေးက အသက် ၁၆ နှစ်ဖြစ်ပါတယ်။ ဝဲလက်မောင်းအောက် ဒဏ်ရာနဲ့ဝဲပေါင်တို့မှာ ဒဏ်ရာရရှိတယ်။ တက္ကသိုလ်နောက်ဆုံးနှစ်တက်နေတဲ့ မိန်းကလေးက အသက်၂၂ နှစ်ဖြစ်ပြီး ဝဲဘက်ပေါင်၊ ဝဲဘက်ရင်အုံ၊ ယာဘက်ခြေသလုံးတို့မှာ ဒဏ်ရာရရှိပါတယ်။
အဲသည့်မိန်းကလေးနှစ်ဦးကို ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံကို လွှဲ ပြောင်းကုသနေတယ်လို့သိရပါတယ်။
Author – နှင်းနှင်း

No comments:

Powered by Blogger.