့မြေးမလေးလုပ်စာကို မှီခိုပြီးနေခဲ့ရရှာ ခုတော့ မှီခိုရာမရှိ ဒုက္ခပင်လယ်ဝေနေသည့် အဖွားအို

နေပြည်တော် ပျဉ်းမနားမြို့ ရွာကောက်ရပ် သူကြီးစု ၁ တွင် နေထိုင်သော အဖွားဒေါ်ညွန့် ဆိုသူတစ်ဦးသည် သူ၏မြေးဖြစ် သူနှင့် အတူနေထိုင်ပြီး ထိုမြေးမလေးက လုပ်ကိုင်ရှာဖွေ ကျွေးမွေးစောင့်ရှောက်နေထိုင်ခဲ့ရာ ထိုမြေးမလေးသည် လွန်ခဲ့ေ သာ (8) လခန့်က နှစ်လုံးထီရောင်းသည့်အမှူနှင့် အချုပ်ကျခဲ့ရာ ထိုမိခင်အဖွားအိုခမျာ အဲ့ဒီနေ့ကစ၍ ဒုတ္ခပင်လည်ဝေခဲ့ ရခြင်း ဖြစ်ပါတယ်။
ထိုမိခင်အဖွားအိုခမျာ ဒုက္ခကို ခေါင်းမော့ ရင်ကော့ကာ ဘဝဝမ်းစာအတွက် အိမ်တစ်ကာလည်ပြီး အဝတ်လျှော်ကာ မြေး မလေးအတွက် စားစရာထမင်းနှင့် ဖြစ်သလို ဟင်းလေးချက်ကာ မြေးမလေးရှိရာ ပျဉ်းမနား အချုပ်ခန်သို့ တစ်နေ့နှစ်ကြိမ် ထမင်းသွားရောက်ပို့ရသဖြင့် ပင်ပန်းခဲ့ရတဲ့ ရက်ပေါင်းများစွာကို ကြံကြံခိုင်တဲ့စိတ်နဲ့ အော်ငါ့မြေးလေး တစ်နေ့လွတ်နှိုး တစ်နေ့လွတ်နှိုးနဲ့ အားတင်းပြီး ကြိုးစားခဲ့သော မိခင်အဖွားအိုမှာ အစာအဟာရ မလုံလောက်၍ အားပြတ်ကာ ဒယီးဒရိုင်နဲ့ သူ၏မြေးမလေး အစာမစားရမှာဆိုး၍ ရှိသမျှအားအင်လေးဖြင့် ယိမ်း၍မလဲအောင် အားတင်းရင်း တစ်နေ့ထက်တစ်နေ့ အချိန်တွေ ကျော်ဖြတ်ခဲ့ရခြင်းပါ။
ဒီလိုနဲ့ ဧပြီလ ၂၁ ရက်နေ့ ၂၀၁၇ မှာ သူ၏မြေးမလေး အချုပ်မှလွတ်တော့မည် ဆိုတဲ့စိတ်လေးနဲ့ ပျဉ်းမနားတရားရုံးသို့ သွားရောက်နိုင်ရန် အားတင်းပြီး မိခင်စိတ်အပြည့်ထဲ့ကာ ယိုင်နေတဲ့ခန္ဓာကိုယ်ကို မလဲအောင်ထိန်ပြီး တရားရုံးရှိရာ အချု ပ်ခန်းသို့ လျှောက်လှမ်းခဲ့ပေမယ့် ကြားလိုက်ရတဲ့ သတင်းက အမေအိုကြီးရဲ့ ခန္ဓာကိုယ် မြေသို့ပြိုလဲကြကာ သတိလစ် မေ့မျောသွားစေခဲ့ပါသည်။
အဲ့ဒီအချိန်မှာပဲ ဆင်းရဲနွမ်းပါးတဲ့ အမြင်မတော်သူအဒေါ်ကြီးတစ်ဦးက ပွေ့ချီကာ ကျွန်တော့ရဲ့ ဆေးခန်းသို့ ခေါ်ေ ဆာင် လာခဲ့ပါတယ်။ ကျွန်တော်လည်း အမေအိုကြီးကို ကုတင်ပေါ်အသာလှည်းတင်ပြီး ဖြစ်စဉ်ကိုမေးမြန်းကာ သတိပြန်ရသည် အထိဆေးကုသပေးပြီး ယခုကဲ့သို့ဖြစ်စဉ်များ သိခဲ့ရခြင်းဖြစ်ပါသည်။

ဒီအမေကြီးသာ တစ်ခုခုဖြစ်သွားခဲ့လျှင် ထောင်ထဲမှာရှိတဲ့ သူ၏မြေးမလေးခမျာ ဖြေဆယ်နိုင်လိမ့်မည် မဟုတ်ဟု ထင်မိ ပါတယ်။ ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်ကို လုပ်မိသည့်အတွက် သူနှင့်အဖွားရှင်ကွဲခွဲရယုံသာမက သေကွဲခွဲ ရရှာေ တာ့မည် ဖြစ်ပါသည်။
ဒီနေ့မှစ၍ ထိုအမေကြီး၏ စားဝတ်နေရေး ကျန်းမာရေး စသည်များကို ကျွန်တော်အမေအရင်း တစ်ယောက်လို တာဝန်ယူ ပါတော့မည်။ ထိုသို့ဖြစ်ရခြင်းသည် သမာအာဇီဝကျကျ ရှာဖွေခဲ့ခြင်း မရှိသည့်အတွက်ကြောင့် ဖြစ်ရပါကြောင်း ကျန်ရှိမိ သားစုအားလုံး ဒီလိုအဖြစ်ဆိုးမှ ကင်းဝေးကြပါစေရန် တင်ပြလိုက်ပါသည်။
(MCNews မှ စာဖက်သူပရိတ်သတ်များအား ဖက်ရှု၍ ကောင်းအောင် မူရင်းပို့စ်အား ပြန်လည်ပြုပြင် ရေးသားဖော်ပြလို က်ပါသည်။)
MCNews
အရင်းအမြစ်: Ko Aung Fb

No comments:

Powered by Blogger.