တံခွန်တိုင် ရွာမှ သစ်တစ်လုံးထွင်းလှေကြီး ” စေတီ “
တံခွန်တိုင် ဆိုသည်မှာ မဲဇာမြစ် ( မဲဇာချောင်း ) ကမ်းနဘေးမှ ရွာတစ်ရွာဖြစ်၍မန်လည်ရွာ၏ တောင်ဖက် (၂) မိုင်ခန့်အ ကွာတွင် တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နယ်၏ အုပ်စုကျေးရွာတစ်ရွာဖြစ်သည်။
တံခွန်တိုင်ရွာသည် ဘိုးတော်ဘုရား လက်ထက် မဲဇာမြစ်အထက်ပိုင်း အပိုင်စားရသော ခေါင်းတုံး စော်ဘွားမှ ဘိုးတော် ဘုရား၏ သမီးတော် မြတောင်မြို့စား သီရိသုရတနာ စန္ဒာဒေ၀ီ မင်းသမီးအား လက်ဖွဲ့လိုက်သည့် မဲဇာ(၇)ရွာထဲမှ တစ် ရွာ အပါအ၀င်ဖြစ်သည်။
မဲဇာ(၇)ရွာ မှာ (၁) တံခွန်တိုင်ရွာ (၂)နွယ်ချို ရွာ (၃)ကွမ်းချောင်းရွာ (၄)ခွန်းနန်းရွာ (၅) အောင်သာကုန်းရွာ (၆) တဲ ကြီးကုန်းရွာ (၇)ကျောင်းကုန်း ရွာတို့ဖြစ်ကြပါသည်။
မြန်မာဘုရင် သီပေါမင်းလက်ထက်၊ 1878 ခုနှစ် မှ 1882 ခုနှစ်အထိ မဲဇာ ခုနှစ်ရွာ ဂိုဏ်းအုပ်အဖြစ် ခန့်အပ်ခံ ထားရေ သာ တံခွန်တိုင်ကျောင်းတိုက် ဆရာတော် ဦးအာသဘ(ဦးချိန်)လက်ထက်တွင် ၀န်းသိုမြို့နယ်၊ မော်ခါးရွှေမှူးသည် မှိုင်း သုံတောင်မှ ကျွန်းသစ်လုံးကို ခုတ်ချ၍ ဆင်ဖြင့်လည်းကောင်း၊ ကျွဲရှဉ်းများဖြင့်လည်းကောင်း ဆွဲချကာ ဆရာတော် အား လှူဒါန်းခဲ့ပါသည်။
တံခွန်တိုင်ရွာသားတို့က မှိုင်းသုံတောင်တွင်ပင် ထိုကျွန်းလုံးကြီးမှ အရင်းတစ်ပိုင်း အဖျားတစ်ပိုင်း နှစ်ပိုင်းပိုင်း၍ လှေကြီးနှ စ်စင်း အကြမ်းထွင်းကာ မဲဇာချောင်းမှ တဆင့် တံခွန်တိုင်ရွာသို့သယ်ဆောင်ခဲ့သည်။
တံခွန်တိုင်ရွာရောက်မှသာလျှင် လှေကြီးနှစ်စီးအား အချောထွင်းထုခဲ့သည်။ လှေကြီးနှစ်စီး၏ အမည်များအား “ မင်းကျော် ” နှင့် “ စေတီ ” ဟု မည့်ခေါ်ခဲ့သည်။
1883 ခုနှစ် သီပေါမင်းလက်ထက်တွင် မိုးကောင်းဒေသမှ မိုးညှင်းဗိုလ်ဝ နှင့် ဟော်ဆိုင်းရွှေလည်တို့သည် တောင်ပေါ်က ချင်များနှင့်ပူးပေါင်း၍ ကချင်အရေးထသည်။ဧရာဝတီ နှင့် မဲဇာမြစ်ကြောင်းတလျှောက် စုန်ဆင်းကာ မြို့ရွာများကို မီးတို က်လေသည်။
မန်လည်ရွာ၊ တံခွန်တိုင်ရွာတို့ သည်လည်း မီးတင်ရှို့ခံရသည်။ မန်လည်ဝန်သည်လည်း ထီးချိုင့်သို့ စုန်ဆင်းကာ မြတော င်မြို့ဝန်နှင့် ပူးပေါင်း၍ ခုခံကာကွယ်ရသည်။
မိုးညှင်းမင်းတရားကြီးဟု မိမိကိုယ်မိမိ ခံယူထားသော ဗိုလ်ဝသည် ထိုအရေးတွင် ၀န်းသိုစော်ဘွား ဦးအောင်မြတ် နှင့် စီးချင်းထိုးရာ ကျဆုံးလေသည်။
ကချင်များက မြန်မာဘုရင်၏ စစ်သုံးလှေဟုထင်မှတ်က “ မင်းကျော်” လှေကြီးအားဖျက်စီးပစ်လိုက်သည်။ (၁၈၈၄) ခုနှစ်တွင် မြန်မာဘုရင်တပ်များဆိုက်ရောက်လာ၍ သူပုန်များကို ခြေမှူံးတော့သည်။
ဖမ်းဆီးရမိသော သူပုန်များကို ရွှေနန်းတော် ရတနာပုံမှ သိစေရန် ဦးခေါင်းများကို ဖြတ်၍လည်းကောင်း၊ မသေမရှင် ရှိသူ များကိုလည်းကောင်း၊ ဖေါင်ပေါ်တင်၍ မဲဇာမြစ်နှင့် ဧရာဝတီမြစ်အသီးသီးမှ မျှောချလိုက်သည်။
ယခု တံခွန်တိုင် ဘုန်းကြီးကျောင်းတွင် ကျန်ရှိနေသော “ စေတီ ” လှေကြီး၏ အလျားမှာ (၅၇)ပေ ရှိပြီး အနံမှာ (၆)ပေ (၅)လက်မရှိပါသည်။
တံခွန်တိုင်သည် ထိုတိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသဖြစ်၍ ယခုလက်ရှိတွင် ကျန်ရှိနေသေးသည့် ကျုံးများ ၊ ရှာဖွေတွေ့ရှိထား သည့် စစ်ပွဲမှ ဓါးလှံလက်နက်များ ၊ မြန်မာပန်းချီတော် ဆရာခ ၏ ပန်းချီကားများ၊ တန်ဖိုးကြီးလှသော ရှေးဟောင်းပစ္စည်း များအား တံခွန်တိုင်ဘုန်းကြီးကျောင်းတွင် ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
ညိုကိုနိုင် (ကသာ)
မှ – မြင့်လွင် /fb

No comments: