လူသတ်မှုကို နှစ်ပေါင်း၇၀ ကြာပြီးမှ လာရောက်ဝန်ခံသူ ၉၁နှစ်အရွယ်အဖိုးအို
လိင်ကြေးစား အမျိုးသမီးတစ်ယောက်ဟာ လန်ဒန်မြို့ရဲ့ အထင်ကရဖြစ်တဲ့ ကာနဘီလမ်းမှာ အသတ်ခံခဲ့ရပြီး နှစ်ပေါင်း ၇၀အကြာမှာ အသက် ၉၁နှစ်အရွယ်ရှိတဲ့ အဖိုးအိုတစ်ယောက်ဟာ ၁၉၄၆ခုနှစ်က လူသတ်မှုအတွက် ကမ္ဘာ့အဝေးတစ်ေ နရာမှ လာရောက်ပြီး ရဲစခန်းမှာ ဖြောင့်ချက်လာပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
သူဟာ သူမရဲ့နာမည်ကိုတောင် မသိခဲ့ပါဘူး။ ကနေဒါနိုင်ငံ၊ အွန်တာရီယိုမြို့က အာဏာပိုင်တွေဟာ အဖိုးအိုဟာ သူတို့ နိုင်ငံမှာ နိုင်ငံသားသက်ကြီးပိုင်းစောင့်ရှောက်မှု ခံစားခွင့်နဲ့ နေထိုင်နေတာဖြစ်ကြောင်း ဗြိတိန်အာဏာပိုင်တွေကို ပြော ကြားခဲ့ပါတယ်။
ထိုခေတ်က အမှုမှန်မပေါ်ပေါက်ခဲ့တဲ့ လူသတ်မှုတွေကို ရဲတွေက လေ့လာစိစစ်ပြီးတဲ့အခါမှာ အသက် ၂၆နှစ်အရွယ် Margaret Cook ဆိုသူအသတ်ခံရမှု အမှုတွဲကို သွားတွေ့ခဲ့ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ရာက အမှုတွဲတွေနဲ့ အဖိုးအိုရဲ့ ပြောကြားချက်တွေကို တိုက်ဆိုင်စစ်ဆေးခဲ့တာပါ။
အဖိုးအိုဟာ ထိုခေတ်ကသေဆုံးသူမိန်းကလေးကို ရုရှားလုပ် ဒုတိယကမ္ဘာစစ် ပစ္စတိုနဲ့ ဘလူးလဂွန်း ညကလပ်မှာ အပြင် ဘက်မှာ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ သူ့ဆီက ငွေကြေးလိမ်လည်သွားတာကြောင့်လို့ သူက မှုခင်းစစ်တွေကို ပြောပြခဲ့ပါ တယ်။ Cook ရဲ့သေဆုံးမှုဟာ ဒုတိယကမ္ဘာစစ်အပြီး ထိုနှစ်က လန်ဒန်မှာ လိင်ကြေးစား လူသတ်မှုတွေထဲက တစ်ခု အပါအ၀င်ဖြစ်ပါတယ်။
ပစ်သတ်ခဲ့တဲ့သူဟာလည်း မြေအောက်ဘူတာရုံက လူအုပ်ကြီးထဲမှာ ပျောက်သွားခဲ့တယ်လို့ မှတ်တမ်းရှိပါတယ်။ အဖိုးအို သာ အဖမ်းခံခဲ့ရမယ်ဆိုရင် သေဒဏ်အပေးခံရမှာ မလွဲပါဘူး။ သေဒဏ်ပေးတာကို ၁၉၆၅ခုနှစ်အထိ မဖျက်သိမ်းရေ သး ဘူးလို့ သတင်းစာအရသိရပါတယ်။ ဒါဆို သူက အခုမှဘာလို့ လာဝန်ခံတာပါလဲ။
“အသက် ၈၉နှစ်အရွယ် လွန်ခဲ့တဲ့၂နှစ်က အရေပြားကင်ဆာ ဖြစ်နေတယ်လို့ သိရှိခဲ့ရတဲ့ အဖိုးဟာ သူ့အသိစိတ်နဲ့သူ ၀န် ခံဖို့ ရောက်လာခဲ့တယ်။ သူက ရုပ်ပိုင်း ကျန်းမာရေးလည်းမကောင်းတော့ဘူး။ စိတ်ပိုင်း ကျန်းမာရေးတော့ကောင်းပြီး အ သတ်ခံခဲ့ရသူဟာ ဘယ်သူဆိုတာကို ရွေးချယ်ပေးနိုင်ခဲ့တယ်။
သူမသေခင်မှာ လူသတ်မှုကနေ သူ့အပြစ်တွေကို သူ့စိတ်ထဲကဖြောက်ဖျက်သွားချင်လို့ပါပဲ။” လို့ အမည်မဖော်လိုသူတစ် ဦးက သတင်းစာကို ပြောသွားခဲ့ပါတယ်။
Credit to Thithtoolwin

No comments: