ဖေ့ဘုတ်ကတဆင့် ချစ်ကြိုက်ပြီးနောက် အလိုမတူဘဲသားမယားပြုကျင့်သူကို တရားရုံးမှာဦးတိုက်လျောက် တိုင်ကြား

ရန်ကုန်၊ ဧပြီ။ ဖေ့ဘုတ်ကတဆင့်ချစ်ကြိုက်ခဲ့ပြီးနောက် အလိုမတူဘဲ သားမယားပြုကျင့်သူကို အမျိုးသမီးဘက်က တရားရုံးမှာဦးတိုက်လျောက်ပြီး တိုင်ကြားခဲ့တယ်လို့သိရပါတယ်။
ကျုးလွန်ခံရသူအမျိုးသမီးမှာ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ရန်ကုန်မြို့ကို ဗီဇာသက်တမ်းတိုးဖို့ပြန်လာခဲ့တယ်။ အဲဒီနောက်မှာ မန္တလေးကို သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှာနေခဲ့စဉ်က ဖေ့ဘုတ်ကတဆင့်ချစ်ကြိုက်ခဲ့တဲ့ ကိုဖြိုးမောင်မောင်ကို ဆက်သွယ်ခဲ့တယ်။
သူတို့နှစ်ဦးတွေ့ဆုံပြီး စစ်ကိုင်းမြို့ရှိ ဖြိုးမောင်မောင်နေအိမ်မှာ သွားရောက်နေထိုင်ခဲ့တယ်လို့ စစ်ကိုင်းမြို့ အမှတ် ၁မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကိုဖြိုးမောင်မောင်ဟာ သူ့နေအိမ်မှာလိုက်လံနေထိုင်တဲ့ အမျိုးသမီးကို ရိုက်နှက်ကာ ပါလာတဲ့ လက်စွပ်တစ်ကွင်း၊ နားကပ်တစ်ရံ၊ SAMSUNG အမျိုးအစား ဟန်းစက်တစ်လုံး နဲ့ နိုင်ငံသားစီစစ်ရေး ကဒ်ပြားတို့ကိုသိမ်းဆည်းထားခဲ့တယ်။
အလိုမတူသားမယားပြုကျင့်ကာတစ်လကျော်ကြာတဲ့အထိ တရားဝင်လက်ထပ်မယူခဲ့ဘူးလို့သိရပါတယ်။ မအိအိမွှေးဟာ ဧပြီလ ၂၁ရက်နေ့မှာ နေအိမ်မှာ လူမရှိတဲ့ အချိန်မှာ ထွက်ပြေးလာခဲ့ပြီး မိသားစုဝင်များကို ခေါ်ဆောင်ကာ တရားရုံးမှာဦးတိုက်လျှောက်ထားတိုင်ကြားခဲ့သလို နယ်မြေရဲစခန်းကိုလည်း တိုင်ကြားခဲ့တယ်လို့သိရပါတယ်။
မအိအိမွှေးက အသက် ၃၀ နှစ်ရှိပြီးဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဟာချိုင်မှာလျှပ်စစ်လုပ်ငန်း မှာအလုပ်လုပ်ကိုင်သူဖြစ်တယ်လို့သိရပါတယ်။ စစ်ကိုင်းမြို့အမှတ်(၁) နယ်မြေစခန်းက ကိုဖြိုးမောင်မောင်နေအိမ်ကိုသွားရောက်စစ်ဆေးတဲ့အခါမှာ တိမ်းရှောင်ထွက်ပြေးနေတယ်လို့လည်း သိရပါတယ်။
Author နှင်းနှင်း

No comments:

Powered by Blogger.